ဓာတ်ပုံ – KNU

လွေးထွေး၊ ဧပြီ ၃၀ ရက်၊ မူးမြို့နယ်

ပဲခူးတိုင်း မူးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် နေ့လည် ၁၁ နာရီ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ မူးမြို့နယ် ရွာကြီးအင်း ကျေးရွာက မောင်သိန်းဇော်ဦး (၂၇)နှစ် ထိမှန်သေဆုံးခဲ့သလို မနက် ၁၀ နာရီခွဲကလည်း ကညင်တိုင်းကျေးရွာကို လာရောက်ပစ်ခတ်မှုကြောင့် မခိုင်ဝင်း (၅၀)နှစ်၊ ဦးစိန်ရန် (၄၈)နှစ်နဲ့ ဒေါ်အိရွှေဝင်း (၄၄)နှစ်တို့ သေဆုံးခဲ့ရပြီး မမေသီရိထွန်းနဲ့ ဦးအောင်မျိုးတို့ ထိခိုက်ဒဏ်ရာရခဲ့ရပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စကစက အပစ်ရပ်တယ်လို့ ဘယ်လောက်ဘဲပြောပြော လက်ရှိမြေပြင်မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ဘာသာရေးပစ်မှတ်ထား တိုက်ခိုက်နေတာ တွေ့ရတယ်။ လူထုတွေကို တိုက်ခိုက်နေတာကလည်း နင်တို့တော်လှန်ရေးသမားတွေကို ထောက်ခံရကောင်းလားဆိုပြီး လက်စားချေတဲ့သဘောသာဖြစ်နေသလိုဘဲ” လို့ ပြောပါတယ်။

ဒါ့အပြင် လူနေအိမ်နဲ့ ဘုန်းကြီးကြောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံ ၁ ထောင်ကျော်ကလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ်က အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဧပြီ ၂၅ ရက်ကလည်း လက်နက်ကြီးကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက သံဃာ ၄ ပါးအပါအဝင် အရပ်သား ၁၉ ဦးသေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။