ဓာတ်ပုံ- The Matupi Times

အိုက်ပွီး၊ သြဂုတ် ၂၀ ရက်၊ မတူပီ

ချင်းပြည်နယ် မတူပီမြို့နယ် ချန်းပြန်းကျေးရွာမှာ သြဂုတ် ၁၈ ရက်က လက်နက်ကြီးကျည် ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ချန်းပြန်းရွာရဲ့အစွန် နေအိမ်အနီးမှာ မပေါက်ကွဲသေးဘဲ ကျန်ခဲ့တဲ့ ၆၀ မမ လက်နက်ကြီးကျည် ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“ရွာအစွန်ဘက် နေအိမ်အနီးမှာ မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီးကျည်ရှိတယ်။ အဲဒါကို ကလေးတစ်ယောက် မသိလို့ ဆော့ကစားမိတာပါ။ သူက ပြင်းထန်ဒဏ်ရာ ရတယ်။ တခြားကလေးတွေပါ ဗုံးစ ထိမှန်ကုန်ပြီး ဒဏ်ရာ ရကြတာဖြစ်ပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီကလေးတွေဟာ အသက် ၅ နှစ် မှ ၁၂ နှစ်အရွယ်ဖြစ်ပြီး ပြင်းထန်ဒဏ်ရာရတဲ့ ကလေးနှစ်ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆေးကုသဖို့ ပို့ဆောင်ထားပါတယ်။

ကျန်တဲ့ ဒဏ်ရာ မပြင်းထန်တဲ့ ကလေးနှစ်ဦး နီးစပ်ရာ ဆေးခန်းမှာ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ကျည်ဖြစ်ကြောင်းကို အတည်မပြုနိုင်ပေမဲ့ အရင်က ချန်းပြန်းရွာမှာ ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းထိုင်တဲ့ နေရာဟောင်း ဖြစ်တယ်လို့ သိရပါတယ်။

“အရင်က ရွာမှာ CDF-Matupi စခန်း ရှိတယ်။ ဒါပေမဲ့ လက်နက်ကျည်ကြီးက ဘယ်အဖွဲ့ဟာလဲ မသိဘူး။ ကျည်က ရွာအစွန် နေအိမ်အနီးမှာ ရှိတာဆိုတော့ အန္တရာယ်ရှိလို့ ဖယ်ရှားပေးဖို့ ပြောဆိုတာတွေ ရှိပါတယ်။ ဘယ်သူမှ မဖယ်ကြဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ချန်းပြန်းရွာဟာ မတူပီ-မင်းတပ် ကားလမ်းမပေါ်မှာရှိပြီး မတူပီမြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ ရွာမှာ ပြန်လည် အခြေချ နေထိုင်နေကြပြီလို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။