ယာရူစိင်၊ နိုဝင်ဘာ ၁၀ ရက်၊ သီပေါ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါမြို့နယ် တုံဆင့်၊ စံဖိတ်ရွာနဲ့ မြို့ပေါ်ရပ်ကွက်တချို့က ဒေသခံ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

“တချို့တော့ ပြန်လွှတ်လာပါပြီ။ တချို့လူငယ်ပိုင်းအရွယ် လူငယ်အများစုတော့ ပြန်မလွှတ်သေးဘူး။ သူတို့က ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို ဖမ်းချင်သလို ဖမ်းလို့မရဘူးလို့မြင်တယ်” လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးစစ်ဆေးတာ ခံရတဲ့ ဒေသခံတွေထဲ တအာင်းလူမျိုးအများစု ပါဝင်နေတယ်လို့ နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သိသလောက်ဆို သီပေါမှာရှိတဲ့ ပလောင်တွေ အဖမ်းခံရတာ များတယ်။ အသိထဲက ၅ ယောက်မကဘူး”

TNLA အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်း ၉၀ ကျော်ကိုလည်း စစ်တပ်က ချိတ်ပိတ်ထားတယ်လို့ နောက်ထပ် သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။

“တအာင်းတပ် ထိန်းချုပ်စဉ်က ရဲဘော်တွေ ဝင်ဝယ်ဖူးတဲ့ ဆိုင်တွေကအစ ချိတ်ပိတ်ခံရတာပါ။ တချို့ဆိုင်ကျ ဘာဆက်စပ်မှုမှ မရှိပါဘူး”

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၁၀ ဦးထဲက အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၇ ဦး ပါဝင်နေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ချိတ်ပိတ်ခံရတဲ့ နေအိမ်၊ ဆိုင်ခန်းပေါင်း ၉၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်ကစပြီး ကျောက်မဲမြို့တွင်းက နေအိမ်တွေကိုလည်း တအာင်းတပ်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ချိတ်ပိတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။