ခိုင်လေး၊ ဇွန်လ ၁ ရက်၊ စစ်ကိုင်း

‎စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်ကို Brave Warriors for Myanmar (BWM) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် တပ်တွင်းအချုပ်သား ၂ ဦး အပါအဝင် စစ်သား ၈ ‌ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

‎မနေ့ မေလ ၃၁ ရက်မှာ BWM နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) စခန်းကို BWM Mission 40 အနေနဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ BWM မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”စကစ ထိပ်သီးတစ်ဦး တပ်မ (၃၃) ထဲ လာမယ်ဆိုတာ သတင်းရတာကြောင့် ဒီမစ်ရှင်ကို လုပ်ဆောင်ရတာပါ။ ပြီးရင် စကစ က စစ်ကိုင်းဘက်က ရွာတွေကို ဝင်စီးပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးနှိပ်စက်နေတာကြောင့် အခုလို BWM Mission 40 ကို ‌ဖော်ဆောင်ရခြင်းဖြစ်တယ်”

‎တိုက်ခိုက်မှုအတွင်း ဗဟိုကင်း မီးလောင်ပျက်စီးသွားတာ၊ တပ်သုံး မော်တော်ယာဥ် ၂ စီး ပျက်စီးသွားတာနဲ့ လိုင်းခန်းတစ်ခန်း ရှော့တိုက်ဒုံးထိမှန်ကာ ပျက်စီးခဲ့ပါတယ်။

အဲဒီအပြင် မော်တော်ယာဥ်မှူးနဲ့ စစ်သည် ၃ ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး လိုင်းခန်းက ရဲမေ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ BWM က ဒီနေ့ ဇွန်လ ၁ ရက်နေ့မှ ထုတ်ပြန်ထားပါတယ်။

‎ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ဟာ နွေဦးတော်လှန်ရေးကာလတလျှောက် ဒေသခံတွေအပေါ် ညှင်းဆဲသတ်ဖြတ်ရာမှာ အရက်စက်ဆုံးတပ်အဖြစ် နာမည်ကြီးတဲ့ စစ်ကောင်စီရဲ့ လက်ရုံးတပ်ဖြစ်ပြီး လက်ရှိမှာလည်း (တပ်မ ၃၃) ရဲ့ ဒုတပ်မမှူး ဦးစီးက စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာတွေထဲက ဒေသခံတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် လုပ်ခိုင်းပြီး စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

‎မြေပြင်စစ်ဆင်ရေးမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲ ကျရှုံးမှုများနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ လေတပ်ကိုအားကိုးပြီး ဝေဟင်အသာစီးနဲ့ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်တိုက်ခိုက်မှု ပြုလုပ်‌နေတဲ့အပြင် ‎နိုင်ငံတစ်ဝန်းက အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာ‌တွေ ပိုမိုပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။