ပျားကြီး၊ ဖေဖော်ဝါရီ ၁ ရက်၊ ကနီ

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ က ကလေးငယ် ၃,၃၀၀ ကို သန်ချဆေး တိုက်ကျွေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်ချက်နဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေထဲ သန်ချဆေး တိုက်ကျွေးဖို့ လိုအပ်တဲ့ ကလေးသူငယ်ပေါင်း ၃ သောင်းနီးပါး ရှိတဲ့အထဲမှာ ဆေးဝါးရရှိမှု အခက်အခဲကြောင့် ပြည်သူ့အခြေပြု စာသင်ကျောင်းမှာ တက်ရောက်နေသူတွေကိုပဲ လတ်တလော တိုက်ကျွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဒါက ကလေးအကုန် မဟုတ်သေးပါဘူး။ အလှူငွေနဲ့ ဆေးဝယ်ယူရရှိမှုအပေါ် မူတည်ပြီး အရေးပေါ် လိုအပ်နေတဲ့ နေရာတွေကိုပဲ ဦးစားပေး တိုက်လိုက်တာပါ” လို့ စစ်ဘေးရှောင်တွေအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ သန်ချဆေးဈေးနှုန်း မြှင့်လာပြီး ဝယ်ယူရ ခက်ခဲမှုကြောင့် ဒေသတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ကလေးငယ်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးကိုပဲ ဆေးတိုက်ကျွေးနိုင်သေးတယ်လို့ ကူညီပေးနေသူတွေက ပြောဆိုပါတယ်။

၆ လတစ်ကြိမ် ပုံမှန်တိုက်ကျွေးရတဲ့ သန်ချဆေး ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ တစ်လုံးကို ကျပ် ၂၀၀ ကနေ ၃၀၀ ကြားသာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ တစ်လုံးကို ကျပ် ၅၀၀ ဝန်းကျင် ရှိနေတာကြောင့် ပြည်တွင်းပြည်ပ အလှူရှင်တွေဆီက အလှူငွေ ရရှိမှုအပေါ် မူတည်ပြီး ဆေးဝယ်ယူ တိုက်ကျွေးခဲ့တာဖြစ်တယ်လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ် အင်အားစုရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို ကလေးငယ်တွေအတွက် သန်ချဆေး တိုက်ကျွေးမှုကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု၊ ပြည်သူ့အခြေပြု ကျောင်းနဲ့ CDM ကျန်းမာရေးဝန်ထမ်းက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။