ရွှေဖီမြေ၊ စက်တင်ဘာ ၉ ရက်၊ ဘုတလင်
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကနေ စက်တင်ဘာလ ၈ ရက်အထိ ရက် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မနေ့ စက်တင်ဘာ ၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း MA-1 တစ်လက်၊ MA-11 တစ်လက်၊ အီကွေးမန့် ကျဉ်ကာ၊ ကျဉ်ကာဦးထုပ်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ရက် ၂၀ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မနေ့ စက်တင်ဘာ ၈ ရက်မှာ (နမခ)ဘက်ကို ပြန်လည်ဆုက်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။