ရွှေဖီမြေ၊ မတ်လ ၂၃ ရက်၊ အင်းတော်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နဲ့ ကသာမြို့နယ်အစပ် ပင်လွတ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း (၁)၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ၂ ဦး ကျဆုံးခဲ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာ ခမရ-၃၀၉ မှ ထွက်လာတဲ့ စစ်ကြောင်းကို ကသာမြို့ရှိ ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် အင်အား (၁၅၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရတာနဲ့ ၃၁ ဦးကို အရှင်ဖမ်းဆီးရမိကြောင်း ဆိုထားပါတယ်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးတဲ့အပြင် MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10လက် စတဲ့ လက်နက်အမျိုးအစားပေါင်း ၅၄ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၅ ရက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ် PDF ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ စက်တင်ဘာ ၇ ရက်မှာတော့ စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် တစ်နိုင်ငံလုံး ခုခံတွန်းလှန်စစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။