ဓာတ်ပုံ- Local

ပျားကြီး၊ ဇန်နဝါရီ ၁၅ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာအနီးက ရတနာအဓိပတိ ကျောက်လုပ်ကွက် မြေစာပုံနွံကန် ပွင့်ထွက်မှုကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းက မြေစာစွန့်ပစ်ချိန်မှာ နွံတွေ လျှံထွက်ပြီး အနီးအနားမှာရှိတဲ့ နေအိမ်တွေကို ဖုံးလွှမ်းခဲ့တာကြောင့် ကလေးသူငယ်အပါအဝင် အခုလို လူသေဆုံးမှု ရှိလာတာပဲ ဖြစ်ပါတယ်။

“ဘက်ဟိုးတွေနဲ့ ခက်ခက်ခဲခဲ ဆွဲထုတ်ရတာ။ တချို့ဆို ၄ နာရီလောက်ကြာအောင် ဆွဲထုတ်ရတယ်။ နွံတွေက အပေါ်က အများကြီး ပိကုန်တာလေ” လို့ ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

နွံကန်ပြိုကျမှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေထဲ ကလေးသူငယ်နဲ့ အမျိုးသမီး အများဆုံး ပါဝင်ပြီး သေဆုံးသူ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

နွံကန် ပွင့်ထွက်မှုမှာ အလောင်း မတွေ့ရှိဘဲ ပျောက်ဆုံးနေသူ အနည်းငယ် ကျန်ရှိနေသေးပေမဲ့ ဒီနေ့ညနေပိုင်းမှာတော့ ရှာဖွေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။