ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ဧပြီ ၁ ရက်၊ အမရပူရ

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးကျေးရွာမှာ မြေငလျင်ကြောင့် ဗလီပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူရဲ့အလောင်း ၃၀၀ ကို ထုတ်ယူနိုင်ခဲ့ပေမဲ့ မထုတ်နိုင်သေးတဲ့ ရုပ်အလောင်းတွေ ကျန်ရှိနေပြီး အဲနေရာမှာ လက်ရှိအချိန်ထိ လူမှုကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ဗုံးအိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဗုံးအိုးရွာရှိ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုရာ ဗလီ ၉ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီဗလီတွေဟာ ဟာဂျီလင်းဗလီ၊ ဈေးထိပ်ဗလီ၊ သံပုရာခြံဗလီ၊ အပ်ချုပ်ဗလီ၊ အရှေ့ဗလီ၊ အလယ်ဗလီ၊ မြောက်ဗလီ၊ သာလေစွဗလီ၊ ကိုယ်ရံတော်ဗလီတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ဟာဂျီလင်းဗလီနဲ့ အလယ်ဗလီက ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်သလို အဲဒီရွာမှာ လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ပေးနေသူ‌ အစ္စလာမ် ပရဟိတအသင်းတစ်ခုသာရှိ‌ပြီး ကျန်ရှိနေသေးတဲ့ အလောင်းတွေကို ဆက်လက် ထုတ်ယူနိုင်ဖို့ ကယ်ဆယ်ရေး လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကိုယ်ထူကိုယ်ထတွေပဲ ရှိတယ်။ ဘယ်ကယ်ဆယ်ရေးမှ မရောက်လာဘူး။ ဗုံးအိုးရွာမှာ သေဆုံးသူ ၅၀၀ ထက် မကျော်ဘူးလို့ ရွာက ခန့်မှန်းထားပါတယ်။ ကျန်ရှိတဲ့ ဒေသခံတစ်ထောင်နီးပါးလည်း ခက်ခဲနေပါတယ်။ ကျန်နေသေးတဲ့ အလောင်းတွေလည်း ထုတ်ရ ခက်ခဲနေပါတယ်။ အနံ့တွေလည်း ထွက်ကုန်ပြီ။ အသက်ရှင် ကယ်ထုတ်နိုင်တာတွေလည်း ရှိတယ်။ ဘယ်နှစ်ဦးဆိုတာ မသိတော့ဘူး။ လက်ရှိ ရရှိတဲ့အလောင်း အရေအတွက်ကတော့ ၃၀၀ ရှိပြီ” လို့ ဗုံးအိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ ငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အဦးတွေ ပျက်စီးသွားပြီး အသက်ရှင် ကျန်ရှိနေသေးတဲ့ ဗုံးအိုးရွာခံတွေအတွက် သောက်ရေသန့်နဲ့ အကိုက်အခဲ‌ပျောက်ဆေး လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်း-မန္တလေး ကုန်သွယ်ရေးလမ်း ပိတ်ထားတာကြောင့် အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်သင့်သူတွေကို ကူညီကယ်ဆယ်လိုသူအနေနဲ့ မြစ်ငယ်-စစ်ကိုင်းလမ်းကြား သူငယ်တော်၊ လက်ပန်ဇင်ဘက်ကနေ ဗုံးအိုးရွာဘက် လာရောက် ကူညီနိုင်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။