ဓာတ်ပုံ – Local (ပုံဟောင်း)

‎ရွှေဖီမြေ၊ ဇန်နဝါရီ ၃၀ ရက်၊ တာချီလိတ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အလုပ် လုပ်ဖို့သွားတဲ့ ရှမ်းမြောက်က အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ဝန်းကျင်မှာ တာချီလိတ်မြို့ ညဈေးတန်းအနီးမှာ အလုပ်ရှင်လာကြိုဖို့ စောင့်နေတဲ့ တန့်ယန်း၊ မိုင်းရယ်နဲ့ ကျောက်မဲမြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်က ကင်းလှည့်ချိန် ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

‎ကျောက်မဲမြို့နယ်မှ အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက “သူတို့က မြဝတီမှာ အလုပ်အတူလုပ်ကြတဲ့ သူငယ်ချင်းတွေပါ။ တာချီလိတ်မှာ အလုပ်လုပ်မယ်ဆိုပြီး အလုပ်ရှင်နဲ့ ဆက်သွယ်ပြီး သွားတာ။ နောက်ဆုံး အဲမှာရောက်ကြောင်းတော့ ပြောလာတယ်။ အိမ်ရှင်လာကြိုမယ်တဲ့” လို့ ပြောပါတယ်။

‎ဒီ‌နေ့ ဇန်နဝါရီ ၃၀ ရက် မနက်မှာတော့ မိသားစုဝင်တွေက ဆက်သွယ်ခဲ့ပေမဲ့ ဖမ်းခံနေရကြောင်းသာ ပြောလာတယ်လို့ ဆိုပါတယ်။

‎အဲအနီးဝန်းကျင်ရှိ နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးလည်း “အဲည လမ်းဘေးက အမျိုးသမီး ၃ယောက်ကို စကစက ကားပေါ်တင်ခေါ်တာတော့ တွေ့တယ်။ ကျနော်ထင်တာက သူတို့ လမ်းကြုံလိုက်စီးတာလားလို့” လို့ ပြောပါတယ်။

‎ဒါ့အပြင် ၎င်းအမျိုးသမီး ၃ ဦး ပြန်လွှတ်နိုင်ဖို့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူက ငွေ သိန်း ၁၀၀ ပေးဖို့ ပြောဆိုတဲ့ ကောလဟလသတင်းတွေ ထွက်နေပေမဲ့ အချက်အလက်အတိအကျသိရဖို့ ရွှေဖီမြေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

‎၎င်းအမျိုးသမီးတွေဟာ အလုပ်လုပ်ဖို့သာ သွားတာဖြစ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်တာ မရှိတာကြောင့် အမြန်ဆုံးပြန်လွှတ်စေချင်ကြောင်း ဖမ်းဆီးခံရတဲ့ ကျောက်မဲမြို့က အမျိုးသမီးနဲ့ နီးစပ်သူက တောင်းဆိုထားပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် မနက်ကလည်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် မြို့ပတ်လမ်းအနီးမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ကားစီးပြီး သေနတ်အတို ကိုင်ထားတဲ့ အမျိုးသား ၄ ဦးက ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။