ဓာတ်ပုံ – CJ

လွေးထွေး၊ မတ်လ ၄ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ တောမီးရှို့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး မီးလောင်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မတ်လ ၃ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ တန့်ယန်းမြို့နယ် ဟိုတာအုပ်စု ကောင်းရုံးကျေးရွာအနီးမှာ တောမီးရှို့တာကြောင့် ကောင်းညွှန့်ရွာက တအာင်းကလေး ၁ ဦး အပါအဝင် ၃ ဦး မီးလောင်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ တန့်ယန်းမှ အမျိုးသမီးတစ်ဦးက “အဲတောက အရင်နှစ်ကတည်းက ရှမ်းနဲ့ တအာင်း ပြသာနာဖြစ်ခဲ့တယ်။ တအာင်းက တောင်ယာလုပ်ချင်တယ်။ ရှမ်းက သစ်လုပ်ချင်တာ။ အဲတာကို မနေ့က ရှမ်းတွေက အဲတောကို မီးရှို့လိုက်တာ။ အဲတောထဲ လူရှိတာကို သူတို့က မသိဘူးတဲ့” လို့ ရွှေဖီမြေကို ပြောပါတယ်။

မီးလောင်ဒဏ်ရာရသွားသူတွေဟာ အသက် (၅၀) ဝန်းကျင်အရွယ် အမျိုးသား၂ ဦးနဲ့ အသက် ၁၀ နှစ် ကျော်အရွယ် ကလေးတစ်ဦးတို့ဖြစ်ပြီး ရွာကနေ တန့်ယန်းမြို့အထိ ကားလမ်းမပေါက်တာကြောင့် လက်ရှိမှာ ရွာထဲမှာသာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

တောမီးရှို့သူတွေဟာ လွယ်ဆိုင်ကျေးရွာအုပ်စု နာဟုတ်ကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ ပြောဆိုထားကြပေမယ့် ရွှေဖီမြေအနေနဲ့ကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တန့်ယန်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင်၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့က လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။