ဓာတ်ပုံ- Local

မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၁၈ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၃ ဦး ထပ်တိုးလာတဲ့အတွက် သေဆုံးသူ ၆ ဦးအထိ ရှိလာတယ်လို့ အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သေဆုံးသွာတာကတော့ ၆ ဦးရှိတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၅ ဦး။ ဒဏ်ရာရတဲ့သူက အဖွားတစ်ဦး။ သူ့ကိုတော့ ဆေးရုံ ပို့ထားတယ်။”

စစ်ကောင်စီတပ်ဟာ ဒီနေ့ အောက်တိုဘာ ၁၈ ရက် ညပိုင်း ၈ နာရီခွဲအချိန်မှာ ကွမ်ဟယ်ရွာအလယ်ထဲ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ကွမ်ဟယ်ရွာထဲ ကြဲချပြီးနောက် ကျောက်မဲနဲ့ မိုင်းငေါ့ကြားရှိ ၁၁ မိုင်ရွာက ဘာသာရေးအဆောက်အအုံးထဲကိုလည်း ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် ဘုန်းကြီးတစ်ပါး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။

PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကိုအောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၂ ဦး၊ ဒဏ်ရာရသူ ၄၀ ဦးအထိ ရှိလာပါတယ်။

တိုက်ခိုက်မှုတွေကြောင့် နမ့်ဆန်နဲ့ နမ္မတူ ဒေသခံအများစုဟာ တောတောင်၊ နီးစပ်ရာနဲ့ လားရှိုးမြို့နယ်ဘက် တိမ်းရှောင်နေကြရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။