ဓာတ်ပုံ- TNLA

မိုင်းပန်ပျော်၊ မေလ ၁ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ဟိုနောင်အုပ်စု ကုန်းချမ်းရွာမှာ မီးသွေး သွားထုတ်တဲ့ အမျိုးသား ၃ ဦး မိုးကြိုး ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် မနက် ၈ နာရီခွဲကျော်က ၎င်းတို့ ၃ ယောက်ဟာ မီးသွေး သွားထုတ်နေစဉ် မိုးကြိုး ပစ်ခံရပြီး သေဆုံးတာလို့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ ၃ ‌ယောက်က မီးသွေးထုတ်ဖို့ တောထဲ သွားတာ။ အဲအချိန် မိုးကော လေကော ကြီးတယ်။ အဲဒါကြောင့် မိုးကြိုး ပစ်သွားတာ။ အဲနောက် ကလေးတွေက သူတို့ဆီ ထမင်း သွားပို့တာ ဟိုမှာရောက်တော့ သူတို့သုံးယောက်က အသက် မရှိတော့ဘူး”

မိုးကြိုး ပစ်ခံရလို့ သေဆုံးသွားသူ‌ကတော့ ဦးလွင်ခိုင် (၆၂ နှစ်)၊ ဦးအိုက်လွင် (၃၆ နှစ်)၊ ဦးအိုက်မွန်း (၃၀ နှစ်)တို့ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကွတ်ခိုင်မှာ အခုလို မိုးကြိုး ပစ်ခံရပြီး ၃ ဦးစလုံး သေဆုံးတဲ့ဖြစ်စဉ်ဟာ မကြုံစဖူးဖြစ်စဉ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဧပြီ ၂၉ ရက်မှာလည်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ရွာသစ်ရွာမှာ မိုးကြိုး ပစ်ခံရတဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ် ၇ အိမ်လည်း ပျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။