ဓာတ်ပုံ – ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောင်)

ခိုင်လေး၊ မတ်လ ၂၀ ရက်၊ မြောင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ လက်နက်ကြီး‌ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၁ ဦး ဒဏ်ရာရ ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုနွေဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၁၉ ရက် ညနေ ၄ နာရီမှာ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းကနေ လက်နက်ကြီး လှမ်းပစ်ခတ်ခဲ့တာကြောင့် မြောင်မြို့တောင်ဘက်က လှေတင်ဦးရွာမှ အမျိုးသား ၁ ဦးနဲ့ မြောင်မြို့မြောက်ဘက် ကျည်ကုန်းရွာက အမျိုးသား ၁ ဦး သေဆုံးသွားတာအပြင် နောက်ထပ်အဖွားအိုနဲ့ သူ့သားလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုနွေဦးက “စစ်တပ်က နောက်စက်တပ်လေထီးတွေနဲ့ ပြန်လာကြဲတယ်။ ပြည်သူတွေရဲ့ နေအိမ် နှစ်လုံးပေါ်ကျပြီး မီးလောင်ပြာကျသွားတယ်။ နောက်ထပ်မီးကူးတာနဲ့ဆို ၅ အိမ်ပေါ့။ နေအိမ်ထဲမှာ နေတဲ့ အသက် ၈၀ အဖွားအိုတစ်ယောက်က ခန္ဓာကိုယ် တစ်ပိုင်းဆီဖြစ်သွားတယ်။ သူ့သားကလည်း အဲလိုဘဲ ခန္ဓာကိုယ် အပိုင်းတွေဖြစ်ပြီး သေသွားတယ်။ သူ့သမီးကတော့ ခြေလက်တွေ ပျက်သွားတယ်” လို့ ပြောပါတယ်။

ဒီနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းမှာလည်း မြောင်မြို့ ပတ်ပတ်လည်ကို စစ်ကောင်စီက လက်နက်ကြီး‌တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ပြီး အင်အားအလုံးအရင်းတွေနဲ့ မြို့ပတ်ပတ်လည်ကို ကာထားတာတွေ ရှိ တယ်လို့ ဆိုပါတယ်။

မြောင်မြို့အနီးနားရွာက ဒေသခံတွေအနေနဲ့ စက်တပ်လေထီးနဲ့ လက်နက်ကြီးအန္တရာယ်တွေ ကင်းဝေးဖို့ တိမ်းရှောင်ပြီး နေထိုင်ကြဖို့လည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က အသိပေး ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်က မြောင်မြို့နယ် ပန်းညိုရွာကို စစ်ကောင်စီတပ်ရဲ့ ရေတပ်၊ ကြည်းတပ် တို့ ပူးပေါင်းပိတ်ဆို့ပြီး ညနေပိုင်းအချိန်‌လောက်မှာပဲ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်စီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။