ဓာတ်ပုံ- DPLA

လွေးဇွန်မိုး၊ ဇန်နဝါရီ ၁၇ ရက်၊ ကျောက်ဂူ

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ လွယ်ဟောင်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဓနုတပ်တော်- DPLA က ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၁၆ ရက် တစ်ရက်အတွင်း Y12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၁ ဦးအပါအဝင် ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မနေ့ကတော့ ကျောက်ဂူမှာ တိုက်ပွဲဖြစ်တဲ့အနေအထား ရှိတယ်ပေါ့လေ။ အဒီမှာက စစ်ကောင်စီဘက်က Y-12 နဲ့ လွယ်ဟောင်မှာကို သူ့တိုလေယာဥ်နဲ့လာချတာပေါ့လေနော်။ ဒီနေ့အခြေအနေကတော့ ကျနော် မသိရသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရတဲ့ ဒေသခံတွေကို DPLA တပ်က ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူက အရပ်သားတစ်ဦး ဒဏ်ရာ ရခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူဒေသရှိ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး ကျောက်ဂူဒေသမှာ စစ်တပ်နဲ့ DPLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။