ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဇွန်လ ၃ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇွန်လ ၃ ရက် နေ့လယ် ၁ နာရီကျော်ဝန်းကျင်က ကျောက်မျက် ကုမ္ပဏီတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး‌ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ တစ်ဦးက “အစက ဘာမှန်းမသိဘူး။ အသံတော့ ကြားလိုက်တယ်။ နောက်မှ ကုမ္ပဏီဘက်မှာ လက်နက်ကြီးပစ်ခံရတာတဲ့။ ကြားတာတော့ ၃ ဦးသေ။ ဒဏ်ရာရသူလည်း ၁၀ ယောက်ရှိတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျလို့ သေဆုံးသွားတဲ့သူတွေဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ နောက်ထပ် ဒေသခံတစ်ဦးက ‌ဆိုပါတယ်။

‌”ဖြစ်တဲ့အချိန်မှာ မျက်စိနဲ့မမြင်ခဲ့ဘူး။ အဲမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေကိုမေးကြည့်တော့ လက်နက်ကြီးကျတာတဲ့။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက လာရောက်ခေါ်ဆောင်သွားတယ်” လို့ ပြောပါတယ်။

အဲဒီလက်နက်ကြီးကျရောက်တဲ့နေရာဟာ ယမ်းဂိုဒေါင်ကို ထိမှန်ခဲ့တာကြောင့် ပေါက်ကွဲမှု ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း မှော်စီစာရွာအနီးက ၁၁၁ လုံး ကုမ္ပဏီရဲ့ ဘက်ဖိုးကား တစ်စီးနဲ့ မြေထိုးကား နှစ်စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ လုံးခင်းကျေးရွာက ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ‌ဒေသခံ ၅ ဦးကိုလည်း သတ်ပစ်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။