ဓာတ်ပုံ – ကန့်ဘလူ တပ်ရင်း(၄)

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၄ ရက်၊ ကန့်ဘလူ

စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ငါးရာနဲရွာက ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း(၄)က မနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၁၀ နာရီမှာ စစ်တပ်က ငါးရာနဲ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနဲ့ ပေကြီးရွာတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ​လို့ ဆိုပါတယ်။

“ဒရုန်း ဗုံးသီးတွေကတော့ နေ့တိုင်းလိုလို ချနေတာပေါ့နော်။ အဲလိုတော့ရှိတယ်။ ရွာတွေ တော်တော်များများက ပြည်သူတွေကတော့ ရှောင်နေကြရတာ။ သူတို့က ရွာတွေထဲကို ဒီအတိုင်း ချနေတာ။ ဒရုန်းဗုံးသီးက။ ပြည်သူတွေ ထိတာများတာ။ ဒီလိုတွေ ဖြစ်နေတာပေါ့” လို့ မြေပြင်အခြေအနေ သိရှိသူ အမျိုသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးပြီး ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာရှိသလို ဒရုန်းနဲ့လည်း နေ့စဥ်လိုလို ဗုံးကြဲတာ ရှိနေတယ်လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

“စစ်ကြောင်းက မီးဝင်ရှို့နေတဲ့ စစ်ကြောင်းတွေရှိတယ်။ တိုက်ပွဲ ဖြစ်တာကတော့ ဟိုနေ့ကတော့ နည်းနည်း ထိတွေ့မှု ဖြစ်ပြီးတော့ ထွက်လာတဲ့စစ်ကြောင်း ဝင်ပစ်တာရှိတယ်။ အဲဒါကြောင့် တောက်လျှောက် ထိုးနေသလား၊ အဲဒါကြောင့် ဝင်ရှို့သလားတော့ မသိဘူးပေါ့​နော် မီးက။ ဒါပေမဲ့ ဒရုန်းဗုံးသီးကတော့ နေ့တိုင်းလိုလိုကို ချနေတာ။ ရွာတိုင်းလိုလို အခုပြည်သူတွေ တော်တော်များများက ရွာတွေထဲဆို မနေရဲကြတော့ဘူး။ ထွက်နေရတဲ့ အနေအထား ဖြစ်နေတာ။ ရွာတွေထဲကိုပဲ ချနေတာ ဒရုန်းဗုံးသီးတွေက”

ဒရုန်းဗုံး ကြဲချမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူရဲ့ နာမည်တွေကိုတော့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာ မရှိပါဘူး။

ဒါ့အပြင် ကျီးကုန်းရွာကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား ၂၀ ခန့်ဟာ သပိတ်မှောက်ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။