ခိုင်လေး၊ ဇန်နဝါရီ ၄ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် မျှော်စင်ရွာ အနောက်ဘက် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်ကို PRF-Magway က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ PRF-Magway မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ရွှေဖီမြေကို‌ ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီမှာ ဆိုင်ကယ် ၃ စီးနဲ့ မျှော်စင်ရွာ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှာ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ ၁၀ မိနစ်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“သတင်းရလို့ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ ဆိုင်ကယ် ၃ စီး ရန်သူ ၆ ယောက်ပါ။ တစ်စီးကို မီတာ ၁၀၀ လောက်စီ ကွာပြီး လာတာပါ။ ရန်သူကနေပြီးတော့ MA-3 လက်နက်ငယ် ၁ လက် သိမ်းဆည်းရမိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိပါဘူးဗျ”

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်မှာ အမ်း-ပဒါန်းဘက် စစ်ကူသွားတဲ့ စစ်ကား ၄ စီးနဲ့ ကားသေး ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးကာ စစ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာ စစ်သား ၁ ဦး၊ ဒီဇင်ဘာ ၂၆ ရက်မှာ ၃ ဦး စုစုပေါင်း ၄ ဦးကို လူထုတော်လှန်‌ရေး မဟာမိတ် အင်အားစု- (PRF-Magway)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။