ခိုင်လေး၊ ဇန်နဝါရီ ၄ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် မျှော်စင်ရွာ အနောက်ဘက် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်ကို PRF-Magway က ခြုံခိုတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ PRF-Magway မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ရွှေဖီမြေကို‌ ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီမှာ ဆိုင်ကယ် ၃ စီးနဲ့ မျှော်စင်ရွာ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှာ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ ၁၀ မိနစ်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“သတင်းရလို့ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ ဆိုင်ကယ် ၃ စီး ရန်သူ ၆ ယောက်ပါ။ တစ်စီးကို မီတာ ၁၀၀ လောက်စီ ကွာပြီး လာတာပါ။ ရန်သူကနေပြီးတော့ MA-3 လက်နက်ငယ် ၁ လက် သိမ်းဆည်းရမိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိပါဘူးဗျ”

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်မှာ အမ်း-ပဒါန်းဘက် စစ်ကူသွားတဲ့ စစ်ကား ၄ စီးနဲ့ ကားသေး ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးကာ စစ်သား ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာ စစ်သား ၁ ဦး၊ ဒီဇင်ဘာ ၂၆ ရက်မှာ ၃ ဦး စုစုပေါင်း ၄ ဦးကို လူထုတော်လှန်‌ရေး မဟာမိတ် အင်အားစု- (PRF-Magway)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။