ဓာတ်ပုံ- ACDF

ခိုင်လေး၊ ဇန်နဝါရီ ၂၁ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတစ်နေရာမှာ စခန်းစွန့်ခွာပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကို အရှိုချင်း ကာကွယ်ရေးတပ်- ACDF က တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီမှာ ၁၅ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး MA 1 သေနတ် သုံးလက်၊ ကျည်ဆန်နဲ့ ကျည်အိမ်‌ သိမ်းဆည်းရမိကြောင်း Asho CDF က မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ACDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ခနီလေဗွေက “ငဖဲ-အမ်း ပဒါန်းလမ်းဘက်က ထွက်ပြေးလာကြတာပါ။ အရှင်ဖမ်းမိတာ မရှိပါဘူး။ အရာရှိတွေ ပါမပါတော့ သေချာမသိရဘူးဗျ။ ကျ‌နော်တို့ဘက်က တပ်စိတ် ၂ စိတ်ခွဲပြီး စောင့်ကြိုတိုက်ခိုက်တာပါ။ ကျန်တဲ့သူတွေက ထွက်ပြေးနေတုန်းပါ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာလည်း အမ်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ ACDF တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၁၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ACDF က ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။