ဓာတ်ပုံ – Local

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မိုးမိတ်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ နယ် ဝဲပေါင်းရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီမှာ ဝဲပေါင်းရွာက စာသင်ကျောင်းကို စစ်တပ်က ပေါင် ၂၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းအနီးနားက နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “၃ ဦးသေတယ်လို့ သိရတယ်။ ဒဏ်ရာရ ဆေးရုံရောက်တဲ့သူက များတယ်။ ငါးလသား အရွယ် ကလေးအမေက ပွဲချင်းပြီး သေတယ်။ ကလေးက ဘာမှမဖြစ်ဘူး။ ဗုံးစ မှန်လို့ ကျွဲတစ်ကောင်လည်း သေတယ်” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မရှိသလို အနီးနားမှာလည်း စခန်းချနေထိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း မရှိတာကြောင့် ဒီလုပ်ရပ်တွေက ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့လည်း ၎င်းက ဆိုပါတယ်။

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီရဲ့ ကူမင်းဆွေးနွေးပွဲအပြီးမှာ စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်ကို ဗုံး ကြဲလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်ကနေ ဒီနေ့ ၂၂ ရက်အထိ ၄ ရက်အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၈ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။