ဓာတ်ပုံ- Local

လွေးထွေး၊ ဧပြီ ၃၀ ရက်၊ ကွတ်ခိုင်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ ရရှိရန် ကျန်နေတဲ့ ငွေကိုတောင်းရာကနေ စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရသူ အမျိုးသားရဲ့ပြောပြချက်အရ သိရပါတယ်။

ဧပြီ ၂၇ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ ရပ်ကွက်(၈)က ဗြုံးဖိုး ၁၀ သိန်းကျော် ရရမယ့်လူတွေနဲ့ ခိုလုံရွာရှိ ဗြုံးဝယ်ထားတဲ့သူ‌တွေက ရပ်ကွက် ၈ မှာ စကားများရန်ဖြစ်ပြီး ဗြုံးဖိုးရရမယ့် မိသားစုက ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုသိရသူ အမျိုးသားတစ်ဦးက “ဗြုံးဖိုး ပေးရမှာက ကြာနေပြီတဲ့ အဲတာကို လာတောင်းတော့ သူတို့ကပေးစရာမရှိသေးဘူးတဲ့။ အဲတာကို မသိဘူး စကားများကြတာ။ ရိုက်ကြတာပေါ့” လို့ ပြောပါတယ်။

၎င်းရိုက်နှက်ခံရသူ ၃ ဦးဟာ လက်ရှိမှာတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ရိုက်နှက်သူနဲ့ ဖြစ်စဉ်ကို သိရဖို့ စစ်ဆေးရန် အနီးဝန်းကျင်က ၅ ဦးကို TNLA က ဖမ်းဆီးသွားသလို ၂ ဦးကိုလည်း MNDAA က ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ခိုလုံရွာထဲ MNDAA က ဝင်ရောက်ဖမ်းဆီးချိန် ရွာသားအမျိုးသား ၁ ဦးကိုလည်း သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။