ရဲမာန်၊ စက်တင်ဘာ ၂၄ ရက်၊ မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မိသားစုဝင် ၃ ဦး ထိမှန်ပြီး အဲထဲက ၁ ဦးကတော့ သေဆုံးသွားပါတယ်။

ရုံးပင်ရွာအနီးကို စစ်ကောင်စီတပ်က မနေ့ စက်တင်ဘာလ ၂၃ ရက် ည ၄ နာရီဝန်းကျင်မှာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ် ပါတယ်။

“ကျောက်တံတား ဘိုကုန်းကျောင်းတစ်ဝိုက်ကနေ ပစ်တာ။ အဲဘက်မှာ တိုက်ပွဲဖြစ်တယ်တော့ မကြားပါဘူး။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာပါ” လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၎င်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူကတော့ အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်အေးအေးမော်ဖြစ်ပြီး ဒဏ်ရာရသွားသူကတော့ ကိုသိန်း‌ထွေးနဲ့ သမီးဖြစ်သူတို့ ဖြစ်ပါတယ်။

ပြီးခဲ့ စက်တင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခွဲမှာလည်း ဥက္ကံနဲ ဒီယာရွာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာနဲ့ ညောင်ပင်သာရွာကို Y-12 လေယာဉ်နဲ့ ဗုံးသီး ၄၀ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။