လွေးထွေး၊ ဧပြီ ၁ ရက်၊ ပင်လုံ

ရှမ်းတောင် ပင်လုံမြို့က သင်္ဃန်းအရောင်းဆိုင်တစ်ခု မီးလောင်ရာကနေ အိမ်ရှင်မိသားစုဝင် ၃ ဦးလည်း သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ပင်လုံမြို့နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပင်လုံမြို့ ရပ်ကွက်(၁) ပညာတံခွန်လမ်းက သင်္ဃန်းအရောင်းဆိုင်ဟာ ဒီနေ့ ဧပြီ ၁ ရက် မနက် ၂ နာရီဝန်းကျင်ကနေ မနက် ၄ နာရီအထိ မီးလောင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ပင်လုံမြို့နေ အမျိုးသမီးတစ်ဦးက “မီး စလောင်ကတည်းက ပတ်ဝန်းကျင်က ခေါ်နှိုးတယ်။ သူတို့ မကြားကြဘူးတဲ့။ သေတာအပြင် ဒဏ်ရာရသူလည်း ရှိတယ်။ အတိအကျတော့ မသိသေးဘူး။ မီးကလည်း ဘာကြောင့် လောင်လဲ မသိရဘူး” လို့ ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နေရာကို လွိုင်လင်ခရိုင် မီးသတ်ကား ၃ စီး၊ ပင်လုံမြို့က မီးသတ်ကား ၂ စီးနဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး ဒီမနက် ၄ နာရီမှ အပြီးသတ် မီးငြိမ်းနိုင်ခဲ့‌တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့ မတ်လ ၃၁ ရက်ကလည်း ကျောက်မဲမြို့နယ် မန်စန်းရွာမှာ မီးလောင်မှုဖြစ်လို့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ မတ်လအတွင်း ရှမ်းမြောက်မှာ မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။