ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၂၉ ရက်၊ အောင်ပန်း

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့မှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးရဲ့အလောင်း တွေ့ရှိထားပြီး ၂၄ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၂၈ ရက် ငလျင် လှုပ်ခတ်မှုမှာ ဟိုတယ်အောင်ပန်း ပြိုကျခဲ့ပြီး ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းအထိ သေဆုံးသူ အမျိုးသမီးအလောင်း ၃ လောင်း တွေ့ရှိထားပြီး အသက်ရှင် ကျန်ရစ်သူ ၂၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အလောင်း ၃ လောင်းပဲ ရသေးတယ်ဗျ။ အမျိုးသမီးတွေပဲ။ ၂၄ ယောက်က အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်။ အောင်ပန်းမှာက အဲဟိုတယ်ပဲ ထိခိုက်မှု ရှိတယ်။ မြို့ထဲမှာတော့ အုတ်တံတိုင်းတွေ ပျက်တာရှိတယ်” လို့ ကယ်ဆယ်ရေး လုပ်နေတဲ့ အောင်ပန်း လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့အထိ မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကူညီရေးအဖွဲ့က ကယ်ဆယ်ရေး ဆက်လုပ်နေပြီး ထိခိုက်သေဆုံးသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့လယ် ၁ နာရီဝန်းကျင်ကစပြီး နိုင်ငံတစ်ဝန်းမှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ထောင်ချီ ရှိနေပြီး ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းမှာ သေဆုံးသူ ၁ ထောင်ကျော်၊ ဒဏ်ရာရရှိသူ ၁,၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦး ရှိနေပြီး သေဆုံးသူရဲ့ စာရင်းတွေကို ဆက်လက် ကောက်ယူနေပြီး အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

ငလျင်ကြောင့် ထိခိုက်မှုများတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။