မိုင်းရူပ၊ ဇန်နဝါရီ ၁၈ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးဆီက သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်မှာ ညောင်ရွှေမြို့နယ် ဘုရားတောင်လွယ်နွဲ့ရှိ စစ်ရှောင်စခန်းကို စစ်တပ်နဲ့ PNO က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

“အခုဆိုရင် ဘုရားတောင်ရွာက ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ အရပ်သားပြည်သူတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ် တိုက်ခိုက်တာပါ။ အခုလုပ်ရပ်ဆို စကစနဲ့ ပအိုဝ်းပြည်သူ့စစ်က ပြည်သူအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတာ” လို့ အင်းလေးဒေသ လူ့အခွင့်အရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ရှောင်နဲ့ ဒဏ်ရာရသူတွေဟာ ညောင်ရွှေမြို့နယ် ရေပူရွာခံဖြစ်ပြီး ဒဏ်ရာရသူကိုတော့ ညောင်ရွှေမြို့နယ် စံကားဆေးရုံမှာ ကုသနေတယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ နိုင်ငံတဝန်းမှာ လူသားမဆန်တဲ့ လုပ်ရပ်ကို အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ PNO တပ်ဘက်ကတော့ ညောင်ရွှေမြို့နယ် လက်နက်ကြီးကြောင့် စစ်ရှောင်တွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

ရှမ်းတောင်က တိုက်ပွဲကြောင့် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်တဲ့ ညောင်ရွှေမြို့နယ်အပါအဝင် မြို့နယ် ၇ ခုမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၆ သောင်းခွဲအထိ ရှိနေပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး- PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။