ဓာတ်ပုံ – MDY PDF

မိုင်းရူပ၊ စက်တင်ဘာ ၁၂ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကမ်းပါနီကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ဒီနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီတပ်ဟာ ကမ်းပါနီကျေးရွာထဲကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“Y-12 မလာခင် ဂျက်ဖိုက်တာ ကမ်းပါနီဘက်ကို လာကြဲတာ။ သေဆုံးတာက လူလတ်ပိုင်းထဲက အမျိုးသား ၂ ယောက်၊ အသက်ကြီးပိုင်းထဲက အမျိုးသမီး ၁ ယောက်ပါ။ ကမ်းပါနီဆိုတာ လိပ်ကျရွာနားမှာ ရှိတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ဝေးတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် မနေ့တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်ဟာ ဇရပ်ကွင်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေ အပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ် (၁) ဦး သေဆုံးခဲ့သလို ကလေးငယ် (၅) ဦး အပါအဝင် အရပ်သား (၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဇရပ်ကွင်းကျေးရွာအနီးရှိ ကျေးရွာတွေနဲ့ ၇ မိုင်ဘက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သပိတ်ကျင်းမြို့နယ်ထဲမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။