အိုက်ပွီး၊ မေလ ၁၄ ရက်၊ ကျောက်တော်

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား အမျိုးသမီး ၃ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့ မေလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ ၅ မိနစ်ဝန်းကျင်မှာ ကျောက်တော်မြို့၊ မြို့မရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅ ဗုံးသီး ၁လုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“အရပ်သားတွေ နေတဲ့နေရာကို ညနေက ဗုံးသီး တစ်လုံးကြဲသွားတာပါ။ ကလေးတစ်ယောက်က ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့အမျိုးသမီး နှစ်ယောက်က ပြင်းထန်ဒဏ်ရာနဲ့ ဆုံးသွားတယ်။ ၅ ယောက် ဒဏ်ရာရတယ်။ အခု ဆေးကုသမှုပြုလုပ်နေတယ်။”လို့ မြေပြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးတဲ့ အမျိုးသမီး ၃ ဦးထဲမှာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် စစ်ဘေးရှောင်တစ်ဦးလည်းပါဝင်ပြီး သူဟာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကနေ မိဘတွေနဲ့အတူ ကျောက်တော်မြို့ကို လာရောက်တိုက်ပွဲရှောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ညနေ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့အတွက် မြို့မရပ်ကွက်က အရပ်သား လူနေအိမ် ၅ လုံးထက်မနည်း ဗုံးထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ဗုံးသီးကျတဲ့နေရာ အနီးတစ်ဝိုက်က နေအိမ် ၅ လုံးလောက်က ပျက်စီးသွားပါတယ်။ အဲထဲမှာ ၃ အိမ်လောက်က လုံးဝ ပျက်စီးသွားပါတယ်။ ရော့ကတ်နဲ့ပစ်ခတ်တဲ့ဟာတွေကျတော့ အနည်းကျဥ်း အိမ်တွေ ပျက်စီးတာတွေလည်း ရှိပါသေးတယ်။”လို့ မြေမြင်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီတုန်းကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးအပါအဝင် ရပ်သား ၁၃ ဦးသေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။