ဓာတ်ပုံ – CJ

မြတ်နိုး၊ ဖေဖော်ဝါရီ ၂၅၊ လိုင်ဇာ

လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ကလေးငယ် ၃ဦးဟာ သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံကိုလည်း ဖမ်းမိထားကြာင်း ဒေသခံတွဆီက သိရပါတယ်။

“ကလေးတွေ ပြန်တွေ့ပြီ။ သုံးယောက်လုံး သေသွားပြီ။ ၂ ယောက်ကိုတော့ မနေ့ည တွေ့တာ။ ၁ ယောက်တာ့ ဒီ မနက်မှ တွေ့တယ်” လို့ ဒေသခံ တစ်ယောက် က ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးတစ်ယောက်ရဲ့ အလောင်းကိုတော့ တောထဲ သစ်ပင်ပေါ်ကြိုးနဲ့ ဆွဲချ သတ်ဖြတ်ထားပြီး နှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ ချည်ပြီး ရေထဲ နှစ်ထားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

“တရားခံ တစ်ယောက် ဖမ်းမိထားပြီ။ မနေ့ညက ထွက်ပြေးဖို့ လုပ်နေတာ ဂိတ်မှာ ဖမ်းမိတာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ပြစ်မှုကျူးလွန်တဲ့ တရားခံဟာ အသက် ၂၅ နှစ်အရွယ် အုံးဆောင်းဝ်ဒွဲ အောင်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ် ၃ဦး မသေဆုံးမီ တောထဲ လက်နဲ့ခြေထောက်နောက်ပြန်ကြိုးတုပ်ထားတဲ့ ပုံတွေကိုလည်း မိဘတွေက ရရှိထားခဲ့တယ်လို့ ဆိုပါတယ်။

“လိုင်းပေါ်မှာ ကလေးတွေ ပျောက်တယ် ဆိုပြီး တင်လိုက်တဲ့နောက် အကောင့် add လာတယ်။ လာအပ်လို့ လက်ခံ လိုက်တော့ လက်ပြန်ကြိုးတုပ်၊ ပါးစပ်တွေ ချည်ထားတဲ့ ပုံတွေ ရိုက်ပို့လာတယ်။ ဘယ်နေရာလဲ ဆိုတာတော့ မသိရဘူး။ add လာတဲ့ သူက ဘယ်သူလဲ ဆိုတာလဲ မသိဘူး။” လို့ ဒေသခံ အမျိုးသား တစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

အဲဒီနောက် ကလေးငယ်တွေကို အပူတပြင်းလိုက်လံရှာဖွေချိန်မှာတော့ သေဆုံးနေတဲ့ ကလေးငယ်တွေရဲ့ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ ကလေးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်က သူတို့ရဲ့ ဆရာမဆီ သွားလည်ခဲ့ပြီး ညနေပိုင်း အိမ်အပြန်လမ်းမှာ ပြန်ပေးဆွဲခံခဲ့ရကာ တရုတ်ယွမ် လေးသိန်းနဲ့ လာရွေးခိုင်းကြာင်း သိရပြီး အသေးစိတ် စီစစ်ဆဲနေဆဲ ဖြစ်တယ်လို့ ဒေသခံတွက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။