မြတ်နိုး၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လိုင်ဇာ

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ကလေး ၃ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဂျဲယန် ရပ်ကွက် ၆ က ကလေးမလေး ၃ ယောက် ဂေါက်ကွင်းဘက် လမ်းလျှောက်သွားတာ အခုထိ(ဖေဖော်ဝါရီ ၂၃ ရက်) ပြန်မရောက်လာဘူး။ ပျောက်နေတယ်။ အခုထိ မတွေ့သေးဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကလေးမလေးတွေက အသက် ၁၁ နှစ်၊ ၁၂ နှစ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးတွေက ဆွတ်ဆိုင်းအိန်၊ ရွယ်ဆိုင်နဲ့ ဂျီးဆန်မိုင်တို့ဖြစ်ပြီး မိဘတွေ စိတ်ပူ‌ေနတာကြောင့် လိုက်ရှာနေဆဲ ဖြစ်ပြီးတော့ တွေ့မိသူတွေအနေနဲ့ အကြောင်းကြားပေးစေလိုတယ်လို့ ပြောဆိုပါတယ်။

ကလေးမိဘတွေက အနီးအနား ရွာတွေ အထိ နေရာအနှံ့ ရှာနေဆဲ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ယာက်က ပြောပါတယ်။

“အဲဒီ ကလေးတွေ ပျောက်တာ အခုထိ မတွေ့သေးဘူး။ ပျောက်တာ ၃ ရက် ရှိပြီတဲ့။ တွေ့မိတဲ့သူတွေ ကျေးဇူးပြုပြီး အကြောင်းကြားပေးကြဖို့ ပြောလာတယ်။ မိဘတွေ ကျနော်တို့‌ နေတဲ့နေရာဘက်အထိ လိုက်ရှာနေကြတယ်။ ရောင်းစားခံရတာလား၊ ဘယ်လိုလဲဆို‌တာ မသိရလို့ အသည်းအသန် လိုက်ရှာနေတယ်။ ဂျဲယန် စစ်ရှောင်စခန်းက ဟုတ်တယ်။ နေရာ ‌အတော်နှံ့အောင် ရှာပြီးပြီ မတွေ့သေးဘူး ပြောတယ်။ အရမ်း စိတ်ပူနေကြတယ်”

ကလေး ၃ ‌ဦးစလုံးက ကျောင်းတက်နေတာ ဖြစ်ပြီး ကျောင်းဘက်လည်း ရောက်မလာကြဘူးလို့ သူက ပြောပါတယ်။

အဲဒီကလေးတွေ လမ်းလျှောက်သွားတဲ့ ရှေ့မှာ ကား ၁ စီး ဖြတ်လာတာ တွေ့လိုက်ပေမဲ့ အဲဒီကားက ကောက်တင်သွားသလားဆိုတာတော့ သေသေချာချာ မသိရဘူးလို့ ဆိုပါတယ်။

‌တရုတ်နိုင်ငံဘက် ရောင်းစားခံရမှာကိုလည်း ကလေးမိဘနဲ့ ဒေသခံကပါ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။