မြတ်နိုး၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လိုင်ဇာ

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ကလေး ၃ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဂျဲယန် ရပ်ကွက် ၆ က ကလေးမလေး ၃ ယောက် ဂေါက်ကွင်းဘက် လမ်းလျှောက်သွားတာ အခုထိ(ဖေဖော်ဝါရီ ၂၃ ရက်) ပြန်မရောက်လာဘူး။ ပျောက်နေတယ်။ အခုထိ မတွေ့သေးဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကလေးမလေးတွေက အသက် ၁၁ နှစ်၊ ၁၂ နှစ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးတွေက ဆွတ်ဆိုင်းအိန်၊ ရွယ်ဆိုင်နဲ့ ဂျီးဆန်မိုင်တို့ဖြစ်ပြီး မိဘတွေ စိတ်ပူ‌ေနတာကြောင့် လိုက်ရှာနေဆဲ ဖြစ်ပြီးတော့ တွေ့မိသူတွေအနေနဲ့ အကြောင်းကြားပေးစေလိုတယ်လို့ ပြောဆိုပါတယ်။

ကလေးမိဘတွေက အနီးအနား ရွာတွေ အထိ နေရာအနှံ့ ရှာနေဆဲ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ယာက်က ပြောပါတယ်။

“အဲဒီ ကလေးတွေ ပျောက်တာ အခုထိ မတွေ့သေးဘူး။ ပျောက်တာ ၃ ရက် ရှိပြီတဲ့။ တွေ့မိတဲ့သူတွေ ကျေးဇူးပြုပြီး အကြောင်းကြားပေးကြဖို့ ပြောလာတယ်။ မိဘတွေ ကျနော်တို့‌ နေတဲ့နေရာဘက်အထိ လိုက်ရှာနေကြတယ်။ ရောင်းစားခံရတာလား၊ ဘယ်လိုလဲဆို‌တာ မသိရလို့ အသည်းအသန် လိုက်ရှာနေတယ်။ ဂျဲယန် စစ်ရှောင်စခန်းက ဟုတ်တယ်။ နေရာ ‌အတော်နှံ့အောင် ရှာပြီးပြီ မတွေ့သေးဘူး ပြောတယ်။ အရမ်း စိတ်ပူနေကြတယ်”

ကလေး ၃ ‌ဦးစလုံးက ကျောင်းတက်နေတာ ဖြစ်ပြီး ကျောင်းဘက်လည်း ရောက်မလာကြဘူးလို့ သူက ပြောပါတယ်။

အဲဒီကလေးတွေ လမ်းလျှောက်သွားတဲ့ ရှေ့မှာ ကား ၁ စီး ဖြတ်လာတာ တွေ့လိုက်ပေမဲ့ အဲဒီကားက ကောက်တင်သွားသလားဆိုတာတော့ သေသေချာချာ မသိရဘူးလို့ ဆိုပါတယ်။

‌တရုတ်နိုင်ငံဘက် ရောင်းစားခံရမှာကိုလည်း ကလေးမိဘနဲ့ ဒေသခံကပါ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။