အောက်တိုဘာ ၂၄၊ သပိတ်ကျင်း
ဒီနေ့ အောက်တိုဘာ ၂၄ရက်နေ့ သန်ခေါင်ယံ လူအိပ်ချိန် သပိတ်ကျင်းနယ်ထဲက ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ဦးပွဲချင်းပြီး သေဆုံးကာ ၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ဦးတဲ့ အမျိုးသား ၁ဦးတို့ ဖြစ်ပါတယ်။
“ဒဏ်ရာရတဲ့ထဲမှာ ၁၃ဦးထဲက ၃ဦးတော့ ဒဏ်ရာပြင်းထန်တယ်။ စိုးရိမ်ရတယ်။ အိမ်ကတော့ ၂လုံးပျက်စီးသွားတယ်”လို့ ဆိုပါတယ်။
သပိတ်ကျင်းနယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်နေ့တုန်းကလည်း သပိတ်ကျင်းတယ် ဇရပ်ကွင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၅ဦးသေဆုံးပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။