ဓာတ်ပုံ- Local

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၄ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာက နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ TNLA တပ်သား ၂ ဦးက ငွေ သိန်း ၁၀၀ တောင်းခံခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ငွေတောင်းခံတဲ့ အဲဒီတပ်သား ၂ ဦးဟာ နောင်ချိုမြို့နယ် တောင်းခမ်း တိုက်ပွဲကနေ ပြန်လာကြသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်လောက်မှာ မြို့သစ်ရွာက အဲဒီနေအိမ်တစ်အိမ်မှာ အခုလို ငွေတောင်းခံခဲ့တာ ဖြစ်ပါတယ်။

“သူတို့က ဒဏ်ရာရတဲ့ စစ်သားတွေ။ တောင်းခမ်းကနေ ပြန်လာတာ။ သူတို့ RPG တစ်လုံး ပါတယ်။ အဲမှာ ထားခဲ့မယ်။ နောက်သုံးရက် ပြန်လာယူမယ် ပြောပြီးတော့ အဲအိမ်မှာ ထားခဲ့တယ်လို့ ပြောတယ်။ သူတို့ထားတဲ့ ရက်ကတော့ ၁၅၊ ၁၆ လောက် ကျမှာပေါ့နော်။ ၁၉ ရက်နေ့ သူတို့ပြန်လာတာ။ ပြန်လာတဲ့အချိန် သူတို့ပစ္စည်း မဟုတ်ဘူးတဲ့။ မင်းတို့ လက်နက်တွေ ထားတယ်။ မူးယစ် အရောင်းအဝယ် လုပ်တယ်ဆိုပြီး အဲလိုခြိမ်းခြောက်စကား ပြောပြီးတော့ မင်းတို့ ပိုက်ဆံ ပေးရမယ်။ သိန်း ၁၀၀ ပေးရမယ်။ အဲလိုပြောတာ” လို့ မြို့သစ်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တောင်းခံတဲ့ သိန်း ၁၀၀ ကို အိမ်ရှင်က မပေးနိုင်တာကြောင့် ညှိနှိုင်းရာကနေ နောက်ဆုံး ၂၅ သိန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၂၄ ရက်မှာ TNLA ရဲ့ အဲဒီတပ်သား ၂ ဦးက ငွေ ထပ်တောင်းဖို့ ပြန်လာချိန်မှာ မြို့သစ်ရွာက လူငယ်တွေက ဝိုင်းဝန်းဖမ်းဆီးပြီး ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့က TNLA ရဲ့ ရဲတပ်ဖွဲ့ထံ လွှဲအပ်ပေးခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့ကို ဘယ်လို အရေးယူမလဲဆိုတာနဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်တုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း- NSSAA က မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဖမ်းဆီးရမိတဲ့ ငွေကြေးလိုက်လံ လိမ်လည်နေသူ ၉ ဦးထဲ TNLA ရဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ ၃ ဦး ပါဝင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။