ဓာတ်ပုံ – USB

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၁ ရက်၊ မင်းတုန်း

မကွေးတိုင်း ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ မင်းတုန်းမြို့နယ် ကျောက်တိုင်ဆေးရုံမှာ စခန်းချပြီး ဒေသခံတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ကို United States Of Burma Army- USBA (မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အထူးလှုပ်ရှားတပ်)က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၂ နာရီခွဲခန့်က စစ်တပ်နဲ့ မိနစ် ၄၀ ကြာတဲ့အထိ အပြင်းအထန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း လုံလောက်မှု မရှိတာကြောင့် စခန်းကို သိမ်းနိုင်တာမျိုးမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ USBA တာဝန်ခံ ကိုဗဟိန်းက ရွှေဖီမြေကို ပြောပါတယ်။

“ပြည်သူတွေရဲ့ ဖုန်းကို စစ်ဆေးတယ်။ မထင်ရင် မထင်သလို ဖမ်းဆီးပြီးတော့ ရိုက်နှက်စစ်ဆေးတာတွေ ရှိတယ်။ လက်နက်အင်အား မမျှဘူးဆိုတာထက် သတင်းအချက်အလက် မရတာပေါ့နော်။ အဲစခန်းနဲ့ပတ်သက်ပြီး စုံစမ်းရတာ အရမ်းခက်တယ်။ အဲဒေသခံတွေကလည်း စစ်တပ်ဘက်က ပါတဲ့သူများတယ်။ ဘယ်နားမှာ လက်နက်ကြီးရှိတယ် အင်အား ဘယ်လောက်ရှိလဲဆိုတာကို ကြိုမသိနိုင်ဘူး။ ကျနော်တို့အနေနဲ့လည်း တိုက်ဖို့ လိုအပ်တာကြောင့် စွန့်စားပြီးတော့ ဝင်တိုက်တာပေါ့”

စစ်စခန်းတွေကို ထမင်းဟင်း သွားပို့တာ၊ USBA ရဲ့လှုပ်ရှားပုံတွေကို သွားပြောတာတွေ မပြုလုပ်ကြဖို့ USBA တာဝန်ရှိသူအနေနဲ့ တောင်းဆိုချင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ ခွဲကျော်က သရက်-မင်းတုန်း လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီရဲ့ ဖောကားတစ်စီးကို နေရာယူပြီး စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် ကားထဲ ပါလာတဲ့ စစ်သား ၈ ဦး သေဆုံးပြီး အရာရှိ ၂ ဦးအပါအ၀င် ၄ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

အလောင်းတွေကို ကပစ (၁၂)ဘက် အရပ်သားရဲ့ ကားနဲ့ သယ်ထုတ်သွားပြီး ဒဏ်ရာရတဲ့ အရာရှိတွေကို မကွေး စစ်ဆေးရုံသို့ ပို့ပေးခဲ့ကာ အခြားအဆင့် ၂ ယောက်ကို မင်းတုန်း ဆေးရုံမှာ လုံခြုံရေး ချထားပြီး အရေးပေါ် ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၂ ခုအတွင်း စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ အပြင်းအထန် ရရှိကာ အသေးစား ဒဏ်ရာရသူ စာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဒီနေ့ ဖေဖော်ဝါရီ ‌၂၁ ရက်မှာ USB Army ကထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။