ဓာတ်ပုံ – Google

အင်းငယ်၊ ဖေဖော်ဝါရီ ၂၅၊ ဗထူး

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးမြို့ရှိ တပ်လေ့ကျင့်ရေးကျောင်းမှာ တပ်ကြပ်ကြီး ၂ ဦး အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ဆေးရုံတွင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အတွင်း တောင်ကြီးမြို့ အခြေစိုက် အမှတ် ၃၅၇ အမြောက်တပ်ရင်းက (အမတ) တပ်ကြပ်ကြီး အောင်မြင့်နဲ့ ဗထူးလေ့ကျင့်ရေးကျောင်းက တပ်ကြပ်ကြီး မင်းဇော်ဦးတို့ဟာ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံ ၂ (တဆရ – ၂) ကုတင် ၇၀၀ သို့ ပို့ဆောင်ခဲ့ရာမှာ ၂ ဦးလုံး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်က “စစ်မှုထမ်း လူမရလို့ မဟုတ်ပါဘူး။ ဗထူးတပ်နယ်ထဲက ဂိတ်တခုခုမှာ စုပေါင်းစပ်ပေါင်း သောက်စားကြရင်းနဲ့ ဖြစ်တာလို့ သိရပါတယ်။ အရင်ကလည်း ဘက်တံဆိပ် မတူရင် ဂိတ်ကြေးကောက်တဲ့ နေရာတွေမှာ ပြဿနာတွေက ဖြစ်နေကြပါပဲ။ ဒီကာလ အနားမရတော့ ဖိအားနဲ့ ပိုဆိုးတာပေါ့။ ၂ ယောက်လုံး တဆရ ၂ မှာ သေတာပါ” လို့ ပြောပါတယ်။

သေဆုံးသူ ၂ ဦးလုံးဟာ ဗထူးလေ့ကျင့်ရေးကျောင်းမှာ မွန်းမံသင်တန်း တက်ရောက်ဖို့အတွက် မကြာသေးခင်ကမှ ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးဖိထားပြီး ဆေးထောက်ခံစာ အတုတွေနဲ့ ၉၆ ပါးရောဂါကြောင့် သေဆုံးတာလို့ဆိုကာ ဗထူးတပ်ဝင်းထဲမှာ ဝါဒဖြန့်ထားတယ်လို့ ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။

“အချင်းချင်း ဖြစ်ပြီဆိုရင် တပ်ထဲမှာတောင် ပြန့်လို့မရဘူး။ အောက်ခြေ ဘာမသိရဘူး။ ဟိုတလောက ချင်းတောင်မှာ ရဲဘော်လေးတယောက်က အနိုင်ကျင့်ခံရလို့ ပြန်ပစ်တာ ၉ ယောက်လုံး တခါတည်း သေတယ်။ အဲဒါလည်း အရာရှိချင်းပဲသိတာ။ တခြားတပ်က မသိရဘူး”

အရင် အာဏာမသိမ်းခင်က စစ်ကောင်စီ လက်အောက်ခံ တိုက်ခိုက်ရေးတပ် (ခမရ)တွေကို ၆ လရှေ့တန်းထွက်ပြီး ၆ လနောက်တန်းမှာ အနားယူတဲ့စနစ် ကျင့်သုံးခဲ့ပေမယ့် လက်ရှိမှာ တပ်တွင်း လူအင်အားလိုအပ်ချက်တွေကြောင့် အနားမပေးတော့ဘူးလို့ တပ်တွင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ဒါကြောင့် ဗထူးအပါအဝင် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းအများစုမှာ စိတ်ဖိစီးမှုများစွာနဲ့ ဖိအားဝင်လာပြီး တပ်ပြေးတာ၊ တပ်တွင်းပုန်ကန်မှု ဖြစ်တာ၊ အချင်းချင်းပစ်တာတွေ ဖြစ်ပွားနေကြတယ်လို့ စုံစမ်းသိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။