ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း တင်သားနဲ့ ဒိုးနွယ်ရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၁၁ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ တင်သားနဲ့ ဒိုးနွယ်ရွာမှာ ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာလို့ သိရပါတယ်။

“ကလေးတောင်ပိုင်းမှာ ဗုံးကြဲတာ သုံးရက်ဆက်တိုက်ရှိပြီ။ ဒီနေ့မနက် နှစ်ယောက် ထပ်သေတယ်။ အရင်ရက်တွေက ဗုံးကြဲတဲ့ရွာတွေနဲ့တစ်ဆက်တည်း ရွာတွေပါပဲ။ အခု လူတွေက တိမ်းရှောင်တာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တင်သားရွာက ကျေးလက်ကျန်းမာရေး ဆေးပေးခန်းတစ်ခုကို စစ်တပ်က မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက်မှာ လေကြောင်းကနေ ဗုံး ထပ်ကြဲခဲ့တာ ဖြစ်ပါတယ်။

အခုလို ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ သတင်းပေးသူတွေကြောင့် ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

“ဒီဘက်မှာ စစ်ရေး လှုပ်ရှားမယ်ဆိုတာ စစ်တပ်သတင်းပေးတွေကြောင့် စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်တာဖြစ်မယ်” လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ နှစ်သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ကုက္ကိုလ်ရွာထဲက စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတွေအပါအဝင် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်နဲ့ တစ်ဆက်တည်းရှိတဲ့ တမူးမြို့နယ် ပန်သာရွာကို မနေ့ညနေ ၆ နာရီ ၄၀ မိနစ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။