ပုံစာ- ဇန်နဝါရီ ၈ ရက်က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု

အိုက်ပွီး၊ ဇန်နဝါရီ ၁၁ ရက်၊ ကျောက်တော်

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦးနဲ့အထက် သေဆုံးပြီး ဒဏ်ရာ ရသူလည်း များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့တဲ့ ကျောက်တော်မြို့ပေါ် ရှမ်းရွာဈေးနဲ့ ပန်းတိမ်တန်းမှာ ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီဝန်းကျင်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ရှမ်းရွာဈေးနဲ့ ပန်းတိမ်တန်းမှာ ဗုံးသီး သုံးလုံး လေးလုံးလောက် ကျတယ်။ နှစ်ယောက်တော့ ပွဲချင်းပြီး သေဆုံးတယ်။ ရှမ်းရွာဈေးမှာ လူတွေ ဈေးဝယ်ချိန် ဗုံးကြဲတယ်ဆိုတော့ သေဆုံးမှုက အဲထက် ပိုများမယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း များမယ်” လို့ ကျောက်တော်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒေသခံတွေဟာ လေကြောင်းရန် အန္တရာယ်ကြောင့် ကူညီပေးဖို့ မသွားရဲတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုစာရင်း အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်က ကျောက်တော်မြို့မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်သေဆုံးမှု အရေအတွက် များနိုင်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက်ကလည်း AA ထိန်းချုပ်ထားတဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂၆ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က မနေ့ ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် သတ်ဖြတ်ခံရမှုကြောင့် အရပ်သား ၆,၁၃၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။