မိုင်းအရှိုင်း၊ မေလ ၂၁ ရက်၊ မိုးကုတ်

တအာင်းတပ် – TNLA ဖမ်းဆီးချုပ်နှောင်ထားတဲ့အတောအတွင်းမှာ မိုးကုတ်ဒေသခံ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ TNLA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းမြောက်အစပ်မှာရှိတဲ့ မိုးကုတ်မြို့ နေ ကိုကိုအောင်ကို မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတဲ့စွတ်စွဲချက်နဲ့ ပြီးခဲ့တဲ့ မေလ ၅ ရက်မှာဖမ်းဆီးချုပ်နှောင်ထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“မသင်္ကာမှုနဲ့ ဖမ်းသွားတဲ့ တစ်ယောက်က မူးယစ်ဆေးဝါးအလွန်အကျွံသုံးထားတာ။ သူ့ခန္ဓာကိုယ်ထဲမှာ ရောဂါတွေရှိနေပြီ။ အဲတာကြောင့်မို့ ဖမ်းချုပ်ထားတာ ၁ ညပဲရှိသေးတယ်။ မနက်ခင်းရောက်တော့ သူရောဂါဖောက်လို့ ဆေးရုံသွားပို့ဖို့လုပ်တဲ့အချိန်မျာ ရဲကားပေါ်မှာပဲ ဆုံးသွားတာ”

ဒါ့အပြင် မေလ ၈ ရက်နေ့မှာလည်း ကိုဇော်ဇော်ကိုဆိုသူကို မူးယစ်ရမ်းကားမှုနဲ့ TNLA က ထပ်မံဖမ်းဆီးလိုက်ပြီး ၃ ရက်မြောက်နေ့ မေလ ၁၁ ရက်မှာ သေဆုံးခဲ့ပါတယ်။

ကိုဇော်ဇော်ကို TNLA က ရိုက်နှက်နှပ်စက်တာမျိုးတွေရှိတယ်လို့ မဲခေါင်သတင်းဌာနက ဒေသခံပြောကြားချက်ကို ကိုးကားပြီး ဖော်ပြချိန်မှာ ကိုဇော်ဇော်က အရက်ရဲ့အရှိန်ကြောင့် ဖမ်းဆီးချုပ်နှောင်ထားတာကြောင့် ဆုံးသွားတယ်လို့ TNLA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ရွှေဖီမြေကို ပြောပြပါတယ်။

“သူမူးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရိုက်မယ်လုပ်တော့ ရဲတွေက ချုပ်ထားလိုက်တာ။ ရဲစခန်းရောက်တော့ နံရံကို လက်သီးနဲ့ထိုး၊ နဖူးနဲ့ ရိုက်လုပ်တာ။ အရက်မသောက်ရလို့ ပါးစပ်အမြှုပ်ထွက်ပြီးဆုံးသွားတာ” လို့ ဆိုပါတယ်။

TNLA ဖမ်းဆီးထိန်းသိမ်းတာကြောင့် သေဆုံးသူ ၂ ဦးရှိလာတာနဲ့ ပတ်သက်ပြီး ရွှေဖီမြေက အသေးစိတ်အချက်အလတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။