ဓာတ်ပုံ – Local

လွေးထွေး၊ ဇန်နဝါရီ ၃၁ ရက်၊ မိုးကုတ်

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက လောက်ကိုင်မြို့ကနေ နေရပ်သို့ ပြန်လာတဲ့ မိုးကုတ်မြို့နယ်က အမျိုးသား ၂ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ မိသားစုဝင်နဲ့ ဆက်သွယ်လို့ မရသေးကြောင်း ကာယကံရှင်ရဲ့ အစ်ကိုဖြစ်သူ ပြောပြချက်အရ သိရပါတယ်။

လောက်ကိုင်မှာ တိုက်ပွဲ ဖြစ်ပွားချိန် နေရပ်ပြန်လာတဲ့ လမ်းတစ်ဝက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် သိန္နီမြို့မှာ တာဝန်ထမ်းဆောင်ရကြောင်း မိသားစုဝင်ကို အကြောင်းကြားခဲ့ပြီး လားရှိုး မြို့သိမ်းတိုက်ပွဲတုန်းက မိသားစုနဲ့ နောက်ဆုံး ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ကာယကံရှင်ရဲ့ အစ်ကိုဖြစ်သူက “သူ ကိုးကန့်စစ်သား လုပ်နေရတာ သိတယ်။ အခုက အဆက်အသွယ် မရတော့ အိမ်ကလူတွေ စိတ်ပူနေကြတာ။ အဆက်အသွယ် မရတာလည်း ကြာပြီ။ သေသလား ရှင်သလား မသိရဘူး။ သူ့သူငယ်ချင်းရော အတူတူဘဲ။ ဆက်သွယ်လို့ မရဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲက တစ်ဦးဟာ မိုးကုတ်မြို့ အုန်းပင်ရေထွက် ပလောင်ကုန်းရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် ထွန်းနိုင်ဦးခေါ် မောင်သက်နဲ့ နောက်ထပ်တစ်ဦးက မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာကဖြစ်ပြီး နာမည်နဲ့အသက်ကိုတော့ မသိရပါဘူး။

အလားတူ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက လောက်ကိုင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန် အလုပ် တက်လုပ်ကြတဲ့ ရှမ်းမြောက်ကလူထုနဲ့ တခြားမြို့နယ်က လူထုအများစုကို လမ်းတစ်ဝက်မှာ MNDAA က စစ်ဆေးမေးမြန်းပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူ ထောင်ချီ ရှိခဲ့တယ်လို့ နေရပ်ပြန်လာသူ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။