ဓာတ်ပုံ – Local

လွေးထွေး၊ ဇန်နဝါရီ ၃၁ ရက်၊ မိုးကုတ်

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက လောက်ကိုင်မြို့ကနေ နေရပ်သို့ ပြန်လာတဲ့ မိုးကုတ်မြို့နယ်က အမျိုးသား ၂ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ မိသားစုဝင်နဲ့ ဆက်သွယ်လို့ မရသေးကြောင်း ကာယကံရှင်ရဲ့ အစ်ကိုဖြစ်သူ ပြောပြချက်အရ သိရပါတယ်။

လောက်ကိုင်မှာ တိုက်ပွဲ ဖြစ်ပွားချိန် နေရပ်ပြန်လာတဲ့ လမ်းတစ်ဝက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် သိန္နီမြို့မှာ တာဝန်ထမ်းဆောင်ရကြောင်း မိသားစုဝင်ကို အကြောင်းကြားခဲ့ပြီး လားရှိုး မြို့သိမ်းတိုက်ပွဲတုန်းက မိသားစုနဲ့ နောက်ဆုံး ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

ကာယကံရှင်ရဲ့ အစ်ကိုဖြစ်သူက “သူ ကိုးကန့်စစ်သား လုပ်နေရတာ သိတယ်။ အခုက အဆက်အသွယ် မရတော့ အိမ်ကလူတွေ စိတ်ပူနေကြတာ။ အဆက်အသွယ် မရတာလည်း ကြာပြီ။ သေသလား ရှင်သလား မသိရဘူး။ သူ့သူငယ်ချင်းရော အတူတူဘဲ။ ဆက်သွယ်လို့ မရဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲက တစ်ဦးဟာ မိုးကုတ်မြို့ အုန်းပင်ရေထွက် ပလောင်ကုန်းရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် ထွန်းနိုင်ဦးခေါ် မောင်သက်နဲ့ နောက်ထပ်တစ်ဦးက မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာကဖြစ်ပြီး နာမည်နဲ့အသက်ကိုတော့ မသိရပါဘူး။

အလားတူ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက လောက်ကိုင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန် အလုပ် တက်လုပ်ကြတဲ့ ရှမ်းမြောက်ကလူထုနဲ့ တခြားမြို့နယ်က လူထုအများစုကို လမ်းတစ်ဝက်မှာ MNDAA က စစ်ဆေးမေးမြန်းပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူ ထောင်ချီ ရှိခဲ့တယ်လို့ နေရပ်ပြန်လာသူ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။