ဓာတ်ပုံ- VOM

ခိုင်လေး၊ မတ်လ ၁၁ ရက်၊ မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက် မနက် ၁၀ နာရီခွဲက မတ္တရာဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌က လက်နက်ကြီးနဲ့ ဒေသခံတွေ နေထိုင်တဲ့ မတ္တရာမြို့နယ် ဆည်တော်လေးရွာ လမ်းခွဲကို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့ကတော့ ၉ လုံး ပစ်ခဲ့ပြီး ပြည်သူ ၂ ဦးသေတယ်ဗျ။ စကစဘက်က ရမ်းသမ်းပစ်ခတ်တာဗျ။ ၉ လုံးတိတိ ပစ်ခတ်ခဲ့တာ။ မတ္တရာရဲ့တခြားနေရာတွေလည်း ပစ်ချင်ပစ်နိုင်တယ်။ မနေ့က ပစ်တဲ့အထဲမှာတော့ ဒဏ်ရာရသူမရှိ။ နောက်ဆက်တွဲကို ကျနော်တို့ စုံစမ်းလို့ မရ‌လိုက်ဘူးဗျ။ လိုင်းအခြေအနေကြောင့်ပါ”

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ၉ လုံး ထဲ ဆည်တော်လေးရွာလမ်းခွဲကို လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်က မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ နတ်စောင့်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး အများစု ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် လူနေအိမ်‌လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းမှု စတင်ချိန်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်အထိ စစ်အုပ်စုနဲ့ ၎င်းရဲ့လက်ပါးစေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ဒေသခံ (၆,၃၈၉)ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ AAPP က ဒီနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း နိုင်ငံတဝန်းရှိ တိုင်းနဲ့ ပြည်နယ်တချို့ကို စစ်‌တပ်က မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်တာ၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ‌တွေကြောင့် ဒေသခံ ထိခိုက်သေဆုံးတာ၊ အဆောက်အဦး ပျက်စီးဆုံးရှုံးတာ များလာတဲ့အပြင် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။