ဓာတ်ပုံ- VOM

ခိုင်လေး၊ မတ်လ ၁၁ ရက်၊ မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက် မနက် ၁၀ နာရီခွဲက မတ္တရာဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌က လက်နက်ကြီးနဲ့ ဒေသခံတွေ နေထိုင်တဲ့ မတ္တရာမြို့နယ် ဆည်တော်လေးရွာ လမ်းခွဲကို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့ကတော့ ၉ လုံး ပစ်ခဲ့ပြီး ပြည်သူ ၂ ဦးသေတယ်ဗျ။ စကစဘက်က ရမ်းသမ်းပစ်ခတ်တာဗျ။ ၉ လုံးတိတိ ပစ်ခတ်ခဲ့တာ။ မတ္တရာရဲ့တခြားနေရာတွေလည်း ပစ်ချင်ပစ်နိုင်တယ်။ မနေ့က ပစ်တဲ့အထဲမှာတော့ ဒဏ်ရာရသူမရှိ။ နောက်ဆက်တွဲကို ကျနော်တို့ စုံစမ်းလို့ မရ‌လိုက်ဘူးဗျ။ လိုင်းအခြေအနေကြောင့်ပါ”

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ၉ လုံး ထဲ ဆည်တော်လေးရွာလမ်းခွဲကို လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်က မန္တလေးတိုင်း တောင်သာမြို့နယ်ရှိ နတ်စောင့်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး အများစု ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် လူနေအိမ်‌လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းမှု စတင်ချိန်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်အထိ စစ်အုပ်စုနဲ့ ၎င်းရဲ့လက်ပါးစေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ဒေသခံ (၆,၃၈၉)ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ AAPP က ဒီနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း နိုင်ငံတဝန်းရှိ တိုင်းနဲ့ ပြည်နယ်တချို့ကို စစ်‌တပ်က မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်တာ၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ‌တွေကြောင့် ဒေသခံ ထိခိုက်သေဆုံးတာ၊ အဆောက်အဦး ပျက်စီးဆုံးရှုံးတာ များလာတဲ့အပြင် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။