ဓာတ်ပုံ – CJ

လွေးထွေး၊ မေလ ၁၆ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖသတင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မေလ ၁၅ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ သပိတ်ကျင်းမြို့နယ် ၉ မိုင် ကျေးရွာနဲ့ လမ်းလယ်ကျစ်ကျေးရွာ ကြားရှိ စစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး ကလေး ၄ ဦးနဲ့ သံဃာ တစ်ပါးအပါအဝင် ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြင်ဦးလွင်ခရိုင် ပကဖသတင်းမှ တာဝန်ရှိသူက “ဒီဘက်တွေက အရပ်သားတွေဟာ စကစရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ဂရုတစိုက်နေထိုင်ဖို့လိုတယ်။ လေကြောင်းရန် ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ တူးထားဖို့လိုတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက် ကလည်း TNLA သွားလာလှုပ်ရှားတဲ့ သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ မေလ ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ဂျက်ဖိုက်တာနဲ့ စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာကို ဗုံးကြဲခဲ့လို့ ကလေးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရခဲ့သလို ၁ နာရီခွဲမှာ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း ကျေးရွာကို ထပ်မံဗုံးကြဲခဲ့လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။