ရွှေဖီမြေ၊ ဇူလိုင် ၂၂ ရက်
တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး- KNU က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင် ၂၁ ရက်က သရက်ချောင်းမြို့နယ် ဟိန္ဒူးချောင်းအနီး စစ်တပ်က မေတ္တာစခန်းကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ခရီးသွားသူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။
သေဆုံးသွားသူဟာ အသက် ၃၉ နှစ်အရွယ် ယာဉ်မောင်းသူ ဦးရန်နိုင်နဲ့ ခရီးသွားသူ အမျိုးသမီးတစ်ဦးဖြစ်ပြီး ခရီးသည် ၅ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်ကလည်း လယ်ဒိုမြို့နယ်မှာ စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။