ဓာတ်ပုံ- Local

ပျားကြီး၊ ဧပြီ ၁၆ ရက်၊ မန္တလေး

မန္တလေးမြို့ပေါ်မှာ မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦး ၂ ခု ထပ်မံ ပြိုကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဧပြီ ၁၅ ရက် ညနေပိုင်းမှာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်က အထပ်မြင့် အဆောက်အဦး ၂ ခု ပြိုကျခဲ့တာပဲ ဖြစ်ပါတယ်။

“ညနေပိုင်း မိုးစရွာပြီး မကြာဘူး ၂၆ လမ်းက အဆောက်အဦး ပြိုကျတာ။ မိုးက အရမ်းများတော့ စိုးရိမ်ထားတဲ့အတိုင်း ဖြစ်လာတာပဲ” လို့ အောင်မြေသာစံမြို့နယ်မှ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားက စတိုးဆိုင် အဆောက်အဦးဟာ ညနေပိုင်းမှာ ပြိုကျခဲ့တာဖြစ်ပြီး ချမ်းအေးသာဇံမြို့နယ် ပဲဝင်းက အဆောက်အဦးကတော့ ညပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ပြိုကျခဲ့တာပါ။

အဆောက်အဦး ပြိုကျမှု ၂ ခုစလုံးမှာ လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့မှာ နေအိမ်အဆောက်အဦးပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ပြီး လူတွေလည်း ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။