ဓာတ်ပုံ- Local

ပျားကြီး၊ ဧပြီ ၁၆ ရက်၊ မန္တလေး

မန္တလေးမြို့ပေါ်မှာ မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦး ၂ ခု ထပ်မံ ပြိုကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဧပြီ ၁၅ ရက် ညနေပိုင်းမှာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်က အထပ်မြင့် အဆောက်အဦး ၂ ခု ပြိုကျခဲ့တာပဲ ဖြစ်ပါတယ်။

“ညနေပိုင်း မိုးစရွာပြီး မကြာဘူး ၂၆ လမ်းက အဆောက်အဦး ပြိုကျတာ။ မိုးက အရမ်းများတော့ စိုးရိမ်ထားတဲ့အတိုင်း ဖြစ်လာတာပဲ” လို့ အောင်မြေသာစံမြို့နယ်မှ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားက စတိုးဆိုင် အဆောက်အဦးဟာ ညနေပိုင်းမှာ ပြိုကျခဲ့တာဖြစ်ပြီး ချမ်းအေးသာဇံမြို့နယ် ပဲဝင်းက အဆောက်အဦးကတော့ ညပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ပြိုကျခဲ့တာပါ။

အဆောက်အဦး ပြိုကျမှု ၂ ခုစလုံးမှာ လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့မှာ နေအိမ်အဆောက်အဦးပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ပြီး လူတွေလည်း ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။