ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ မေလ ၂၄ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့ကနေ ဟိုပုံးမြို့သွားတဲ့လမ်းမှာ ဆီဘောက်ဆာတင်တဲ့ ကားတစ်စီးက တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ‌ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့ မေလ ၂၃ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင် တောင်ကြီး-ဟိုပုံးလမ်း တိုးဂိတ်အပေါ်ဖက် နောင်လန်ရွာမှာ ဆီဘောက်ဆာကားတစ်စီးက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့တာကြောင့် ၅ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တောင်ကြီး ဟိုပုံးလမ်း တိုးဂိတ် အပေါ်ဖက် နောင်လန်ရွာမှာ ဆီဘောက်ဆာကား ဘရိတ်ပေါက်ပြီး အရှိန်လွန်သွားတာ။ ကား ၄ စီး ဆိုင်ကယ် ၁ စီးဆိုတော့ ၅ စီးဆင့်ယာဥ်တိုက်မှုဖြစ်သွားတာ ကားရော အကုန်လုံး မီးလောင်သွားတယ်။ ထိတာတော့ ၂ ဦးသေတယ် ၄ ဦးဒဏ်ရာရတယ် တစ်ဦး စိုးရိမ်ရတယ်”

အခင်းဖြစ်တဲ့နေရာကို တောင်ကြီးကြက်ခြေနီအသင်းက သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာရတဲ့လူတွေကို‌ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ပို့ဆောင်ထားပြီးဆေးကုသမှုခံယူနေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

မီးလောင်ကျွမ်း‌တဲ့ နေရာကို သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင် မီးသတ်တပ်ဖွဲ့တွေက မိနစ် ၄၀ အတွင်း မီးငြိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။