ဓာတ်ပုံ – PNLA

ပို့လဘား၊ ဖေဖော်ဝါရီ ၇ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်း တပ်မတော်- PNLA က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဆီဆိုင်မြို့နယ် ကောင်ထိုရွာမှာ နေထိုင်တဲ့ ဒေသခံနှစ်ဦးဟာ တောင်ယာကနေ စပါးသယ်လာတဲ့အချိန် စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ PNO က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “မနေ့က တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးပေါ့နော်။ စစ်ကောင်စီဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီး ၄ လုံး ပစ်လာတာ ရှိတယ်။ လက်နက်ကြီးပစ်တာ ပြည်သူတွေ ထိခိုက်တာ မရှိဘူး။ သူတို့ဒရုန်းနဲ့ ပစ်လာတဲ့အချိန်မှာ လင်မယားနှစ်ယောက်က တောင်ယာကနေ ပြန်လာတာပေါ့နော်။ သူတို့ ရုပ်သိမ်းထားတဲ့ စပါး‌တွေ သယ်လာတယ်။ သူတို့နှစ်ယောက်လည်း အဲမှာ သေဆုံးသွားတာပေါ့” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ လင်မယား ၂ ဦးဟာ ခွန်ဖာလိန်နဲ့ နန်းဆွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ PNO ဟာ အရပ်သားတွေကို ဦးတည်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း စစ်တပ်က အဆိပ်ပါတဲ့ လက်နက်ကြီး အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ PNLA က ထုတ်ပြန်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။