ဓာတ်ပုံ- LOCAL ပြောက်ကျားတပ်ဖွဲ့

မိုင်းရူပ၊ ဇန်နဝါရီ ၃ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်ကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် LOCAL ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ချောင်းကြီးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁၆ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကာ ၁၁ ဦးကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာ ရသူတွေကို ညတွင်းချင်း ဆေးရုံကို ပို့ပြီး ဆေးကုသမှု ခံယူစေခဲ့ပါတယ်‌ဗျ။ ဒဏ်ရာရထဲက သေဆုံးမှုတော့ မရှိသေးပါဘူး” လို့ သပိတ်ကျင်းမြို့နယ် LOCAL ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး၊ မီးသတ်ရုံး၊ ဘာသာရေးအဆောက်အဦး (နတ်နန်း)၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံးနဲ့ ကူညီကယ်ဆယ်ရေးကား ၅ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် LOCAL ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ သပိတ်ကျင်းမြို့နယ်က လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ရေညာဦးနဲ့ ကျောက်ဖြူရွာကို စစ်တပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သားအမိ ၂ ဦးပွဲချင်းပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သပိတ်ကျင်းမြို့ကို၂၀၂၄ ဩဂုတ် ၂၅ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ တန်းမြင့် လေ့ကျင့်ရေးကျောင်း အမှတ်(၁၃)၊ ၇ မိုင်နဲ့ တွင်းငယ်ရွာမှာ စစ်တပ်စခန်းတွေ ကျန်ရှိနေသေးတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။