ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၅ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီခွဲက ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းခွဲက အမျိုးသမီးတစ်ဦးကို စစ်တပ်က အရပ်ဝတ်နဲ့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အမျိုးသမီးက ပဲမျိုးစုံ ရောင်းတဲ့သူပါ။ စစ်သားတွေက အရပ်ဝတ်နဲ့ အိမ်စီးကားအဖြူနဲ့ ရပ်ကွက်ထဲ လာဖမ်းခေါ်သွားတာပါ။ ဘာမှလည်းမပြောဘဲ ဒီအတိုင်း ဖမ်းသွားတယ်။ မနေ့ညနေအချိန်ထိတော့ အမျိုးသမီးကို ပြန်လွှတ်ပေးတာ မရှိသေးဘူး” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် တောင်ဇလပ်ရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း အရက်ဆိုင်မှာ အရက် ထိုင်သောက်နေစဥ် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဦးလေးက သူငယ်ချင်းတွေနဲ့ အရက် ထိုင်သောက်နေတာ။ စစ်သားတွေက ဘာမှ မေးမြန်းစစ်ဆေးတာ မလုပ်ဘဲ ခေါ်သွားကြတယ်။ ဘာအတွက် ဖမ်းတာလဲဆိုတာ မသိဘူး။ အခုထိ ပြန်မလွှတ်သေးဘူး” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ အမျိုးသမီးအပါဝင် ၃၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

“ကလေးမှာ အရင်ကလို မဟုတ်တော့ဘူး။ စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ဖမ်းတယ်။ လမ်းကျိုလမ်းကြားအထိ လာဖမ်းတယ်။ တိုက်ပွဲတွေ မရှိတာ၊ ပစ်ခတ်တာမရှိတာကြောင့် စစ်သားတွေ ပေါ်ပေါ်ထင်ဖမ်းနေကြတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာဆို လူငယ်တွေအတော်အများ ဖမ်းဆီးခံရတယ်” လို့ ကလေးမြို့နယ် သပိတ်အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို စစ်တပ်က ကလေးမြို့နယ် စခန်းကြီးရွာက အမှတ် ၁၀ တပ်မတော် တန်းမြင့်သင်တန်းကျောင်းသို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။