ဓာတ်ပုံ – Local

ရဲမာန်၊ အောက်တိုဘာ ၁၁ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးလုံးတင်ရွာမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၀ ရက် ည ၁၀နာရီဝန်းကျင်မှာ ချောင်းဦးမြို့ပေါ် ဘော်လုံးကွင်းကနေ ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ၂ ဦးသေဆုံးခဲ့တာအပြင် ကလေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

“ပထမတစ်လုံးကတော့ ထိခိုက်မှုရှိသွားတယ်။ ဒုတိယအလုံးက ထိခိုက်မှုမရှိခဲ့ဘူး။ အမျိုးသမီးတစ်ဦးကတော့ နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူကတော့ စစ်လာရှောင်တာပါ။ နောက်တစ်ဦးက ငါလုံးတင်ရွာခံ မြေးအဖွား ၂ ယောက်ပေါ့။ ညတုန်းကတော့ အသက်အန္တရယ် စိုးရိမ်ရတဲ့အနေထားပါ။ ဆေးရုံတော့ ပို့လိုက်တယ်။ မနက် မိုးလင်းပိုင်းကျမှ ဆုံးသွားတယ်။ မြေးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာဘဲ ရသွားတယ်”

သေဆုံးသွားသူ အမျိုးသမီး ၂ ဦးဟာ အသက် ၅၀ ကျော်ရှိပြီး မြေးဖြစ်သူကတော့ ၁၁ နှစ်အရွယ်ဖြစ်တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မုံရွာ-ချောင်းဦးအစပ်ကို စက်တပ်လေထီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။