ဓာတ်ပုံ – အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားသူ

ပို့လဘား၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်‌အရေးလှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာကို စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်- PNO က ပစ်ခတ်တဲ့လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

“အဲဒီ ဆုံးသွားတဲ့ကလေးနဲ့ သူ့အဖေက ဦးစိုဝ်လုံရဲ့အိမ် သွားလည်တာပေါ့နော်။ အဲအိမ်ကို လက်နက်ကြီးကျတော့ သူတို့သားအဖထိသွားတာ သူ့အဖေကတော့ လက်မှာဒဏ်ရာ ရတယ်။ ကလေးနဲ့ အိမ်ရှင်ကတော့ ပွဲချင်း သေသွားတယ်။ အခုလည်း လက်နက်ကြီးတွေ ထုနေတယ်”

ကျရောက်ပေါက်ကွဲမှုကြောင့် ၁၀ နှစ်အရွယ် မောင်စိုင်းလျန်ဆိုင်နဲ့ အသက် ၄၀ ကျော်အရွယ် ဦးစိုဝ်လုံဟာ သေဆုံးခဲ့ပြီး အသက် ၄၀ နှစ်ရှိတဲ့ ဒေါ်နန်းဖန်နဲ့ ၄၅ နှစ်ရှိတဲ့ ဦးကျားက ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

အလားတူ ပင်လောင်းမြို့နယ် နန်းတုတ်ရွာကိုလည်း စစ်တပ်နဲ့ PNO ပစ်ခတ်တဲ့ မီးလောင်ဗုံးအပါအဝင် လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ရေပူရွာအနီးက ဘုရားတောင် လွယ်နွှဲရွာလည်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။