ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၂ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုနောင်အုပ်စု ဟိုဆိုင်(နမ့်ဆိုင်)ရွာမှာ လက်လုပ်မိုင်း‌ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီကလေး ၄ ဦးဟာ ငါးဖမ်းဖို့သွားရင်း နင်းမိတာလို့ ပြောပါတယ်။

ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက “ကလေးတွေဆို‌တော့ လျှောက်လည်တာ။ သွားရင်းနဲ့ မိုင်းနင်းမိတာ။ အဲဒီမိုင်းကလည်း လက်လုပ်မိုင်းဘဲ။ အဲဒီမတိုင်ခင် ကချင်စစ်သားတွေ လာပြောတာ ရှိတယ်တဲ့။ အဲဘက် မသွားဖို့ပေါ့နော်။ အဲဒီမိုင်းက ဘယ်သူဘယ်ဝါဟာတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။

မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ ကလေးငယ်ဟာ လွေးအေနွေ (၄ နှစ်)နဲ့ မိုင်းအနိုင်(၅ နှစ်)တို့ဖြစ်ပြီး မိုင်းအညို့လာ (၈ နှစ်)နဲ့ မိုင်းထွန်းအောင် (၉ နှစ်)တို့ကတော့ ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကလေးတွေ မိုင်းနင်းမိတဲ့နေရာဟာ တိုက်ပွဲ မဖြစ်ပွားဖူးသလို ဘယ်တပ်စခန်းမှမရှိတဲ့အတွက်​ မိုင်းကို ဘယ်သူ ထောင်ထားလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ မြေမြှုပ်မိုင်း နင်းမိသူ ၅ ဦးအထိ ရှိပါတယ်။

အလားတူ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းအတွင်းနဲ့ လက်ရှိအချိန်ထိ ရှမ်းမြောက်က အရပ်သားတွေဟာ မကြာခဏ မိုင်းနဲ့ စစ်ကျန်လက်နက်​ေကြာင့် ထိခိုက်သေဆုံးနေကြရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။