ဓာတ်ပုံ- KNDF

မိုင်းရူပ၊ ဇန်နဝါရီ ၁၀ ရက်၊ လွိုင်လင်လေး

ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အိုင်စန့်ရွာက လသားကလေးအပါအဝင် ၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရပြီး နောက်ထပ် ၂ ဦးလည်း အပြင်းအထန်ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၅၃၀)က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၂ နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦး သေဆုံးပြီး ၅ လသားကလေးတစ်ဦးအပါအဝင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ကလေး ၂ ယောက် သေဆုံးတယ်။ ၅ လသားအရွယ် ကလေးတစ်ဦး လက်ပြတ်သွားတယ်။ အမျိုးသမီးတစ်ဦး ရင်ဘတ်မှာ ဒဏ်ရာ ရတယ်” လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့လည်း သူက ဆက်ပြောပါတယ်။

စစ်တပ်ဘက်ကတော့ အိုင်စန့်ရွာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်မှာလည်း စစ်တပ်ဟာ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့ နေရာကို ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာ ၃၁ ရက်မှာပဲ ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဆင်စခန်း စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သားအမိ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု- PKPF ရဲ့ စာရင်းအရ ကရင်နီပြည်ထဲ စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၅၃၆ ဦး ရှိပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။