ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဧပြီ ၇ ရက်

ကရင်အမျိုးသားအစည်းအရုံ(KNU) ကော်သူလေးအုပ်ချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၇ ရက်နေ့လည်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးသီး ၃ လုံးကြဲချခဲ့လို့ နဲကကျေးရွာက အသက် ၃ လသားအရွယ် စောခင်မောင်လွင်နဲ့အသက် ၁၂ နှစ်အရွယ် နော်ဝါစိုဖောတို့ ဗုံးစထိမှန် သေဆုံးခဲ့တာဖြစ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် နော်သောရီဖော၊ အသက် ၅၄ နှစ်အရွယ် စောမင်း နဲ့ အသက် ၅၀ အရွယ် နော်မူဆိ တို့ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အလားတူ ဧပြီ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၅၁)ဟာ ဟောခို့ဂေါ် (ငထွေစုပ်) ကျေးရွာထဲကို လက်နက်ကြီးနဲပစ်ခတ်ခဲ့​လို့ ငထွေစုပ်ကျေးရွာက အသက် ၂၄ နှစ်အရွယ် နော်ခူခူ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ရက် ၂၀ ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် တိုင်းသားလက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လေကြောင်းကနေဗုံးကြဲတာနဲ့ မြေပြင်ထိုးစစ်ဆင်နေတာတွေ ဆက်တိုက်ပြုလုပိနေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပေမယ့် စစ်ကောင်စီတပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်း သားလက်နက်ကိုင်တွေအပါဝင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။